Unicode
ဒီနေ့ကျရောက်တဲ့မေမေ့ရဲ့၅၂နှစ်ပြည့်မွေးနေ့လေးအတွက်အိမ်မှာအလုပ်ရှုပ်နေကြသည်။ မနက်ပိုင်းဆွမ်းကပ်ပြီးလို့ဧည့်သည်တွေကိုကျွေးမွေးဧည့်ခံပြီးတာနဲ့ ညနေဘုရားလေးသွားဖို့ကိုစီစဥ်ထားတာဖြစ်သည်။ ဧည့်သည်ဆိုပေမဲ့လဲ
မေမေတို့လူကြီးပိုင်း အသိအနည်းအကျဥ်းလောက်နဲ့သာပြီးသွားခြင်းမျိုး။ဘုရားဆိုသည်ထက် မေမေတို့ကိုးကွယ်ဖြစ်နေတဲ့ အခုမှစဆောက်ခါစ ရွာဘုန်းကြီးကျောင်းလေးဖြစ်သည်။လှူဒါန်းမည့်သူလဲနည်းပါးသေးတော့ မေမေနဲ့ဖေဖေကသာဘုန်းကြီးကျောင်းလေးအတွက် မတည်အလှူရှင်တွေဖြစ်နေကြ၏။
သတ္တိကတော့ မလိုက်ဖို့ပြောထားပေမဲ့ ဖေဖေ့ရဲ့ပွစိပွစိဆူနေသံကြောင့် နောက်ဆုံးတော့လိုက်ရမည့်အခြေအနေသို့သာဦးတည်သွားရ၏။
"ဘုရားရိပ်၊ တရားရိပ်နဲ့က ဓာတ်မတည့်တာလား
ကားပြိုင်မောင်းဖို့ဆိုရင်တော့ တက်ကြွနေလိုက်တာ...""ဟေ့ကောင်.. တိုးတိုးပြော! "
သတ္တိကပြောရင်း အရှေ့ကြည့်လိုက် အနောက်ကြည့်လိုက်ဖြင့်ရှိနေသည်။ မကြည့်လို့မရ သူ့အသံအကျယ်ကြီးနဲ့ဖေဖေသိသွားရင်သေမှာ။ အခုထိဖေဖေနဲ့မေမေက အိမ်ထဲကထွက်မလာသေးတာပဲတော်သေးသည်။
"ငါ့ကိုရန်လာမစနဲ့ ခန့်ထည်သော်
မင်းဘာသာအေးဆေးနေ... ""မနေနိုင်ပါဘူး..ကျွန်တော်ပြောတာအမှန်တွေပဲဟာ ..."
"မင်း....! တော်ပြီ။ ကုသိုလ်ယူမဲ့နေ့မှာမင်းနဲ့စကားများပြီး အကုသိုလ်မပွားချင်ဘူး။"
ဒီကောင်အခုတလောသူအလျှော့ပေးထားလို့ အရမ်းလွန်လာပြီမလား။
ဝတ်နေကြ ရှုပ်ယှက်ခက်နေတဲ့ပုံစံမျိူးမဟုတ်ဘဲ
ပြောင်ရှင်းရှင်းမျက်နှာလေးက ဆီလိမ်းပြီးသေချာ
ဖီးသင်ထားတဲ့ဆံပင်နဲ့လိုက်ဖက်စွာ။ စတစ်ကော်လံ
ရှပ်လက်တို နက်ပြာရောင်လေးကို ကွက်စိပ်ပုဆိုးလေးဖြင့် ကတ္တီပါဖိနပ်လေးစီးထားသည်က တကယ်ကိုလူ့ယဥ်ကျေးလေးလို။ ရုပ်တည်ကြီးနဲ့ကိုယ်ကလည်းဒေါသအထွက်လွယ်တဲ့သူ့ကိုဆို တစ်မျိုးမဟုတ်တစ်မျိုးစချင်တာကလဲ အခက်။ ထည်ပြောလိုက်တဲ့စကားကို စိတ်တိုပြီးဆူပုပ်ကာ ထွက်သွားသူကြောင့် လူက ကျေနပ်တဲ့မျက်နှာနဲ့ရယ်မိလိုက်သည်။ ဒါကိုထွက်သွားသူကတော့သတိမထားမိခဲ့။