အပိုင်း ၆

21.2K 952 42
                                    


Unicode

ဗိုက်ထဲကအချက်ပြမြည်သံက ကားထဲနှစ်ယောက်
တည်းရှိသည်မို့ကျယ်ကျယ်လောင်လောင်ပဲထွက်
လာသည်။ ထည် ကားအနောက်ခုံပေါ်ရှိ ကျောင်း
လွယ်အိတ်ထဲက တစ်စုံတစ်ခုကို ထုတ်လိုက်ရင်း
တိကိုပစ်ပေးလိုက်သည်။

"ရော့.  .. ခဏဖြစ်ဖြစ် အဆာပြေသွားအောင်
စားထားလိုက်''

ထည် သူရဲ့ကျောင်းလွယ်အိတ်ထဲကနေ ထုတ်ပြီး
ပစ်ပေးလာတဲ့ မုန်ု့ထုပ်ကိုသတ္တိ ယူကြည့်လိုက်မိသည်။
ကိတ်ခြောက်ထုတ်ဖြစ်နေရာ သူမကြိုက်ပေမဲ့လဲ
အခုနေဗိုက်အရမ်းဆာတာကြောင့်မငြင်းမိတော့တာ
ဖြစ်၏။

ဒီအသက်အရွယ်ပဲရှိ​​ပြီ ကလေးတွေလိုမျိုးမုန့်ထုတ်ကို လွယ်အိတ်ထဲထည့်ပြီးလျှောက်သယ်သွားတက်သေးတဲ့
အကျင့်ကို အိတ်ထဲကကိတ်ခြောက်အား တစ်ကိုက်မြည်းစမ်းပြီးတာနဲ့ တိက သရော်သလိုပြောလိုက်သည်။

"မင်းဒီအသက်အရွယ်ရောက်နေပြီ အခုလိုမျိုးမုန့်ကို
အိတ်ထဲသွားလေရာဆောင်ထားတုန်းလား... "

တကယ်တော့ ထည်က ဒီမုန့်ကို သူစားဖို့အတွက်
နေရာတကာ သယ်သွားတက်တာမျိုးမဟုတ်။
သူအိမ်ပြန်လာရင် ​အမှီးနံ့ပြီးကြိုနေပေးမဲ့
သူ့ရဲ့ခွေးမလေး ဖိန့်ဖိန့်တုန် အတွက်သာဖြစ်သည်။

"အပိုတွေပြောမနေနဲ့ အခုကခင်ဗျားမစားရလို့လား... "

ပါးစပ်ထဲကမုန့်ကိုတကြွပ်ကြွပ်ဝါးနေရင်း
မကျေနပ်သလို ကြည့်လာသည်။

ထည်က ကားမထွက်ခင်ခန္ဓာကိုယ်ကို တိဘက်သို့
လှည့်ပြီး ပြုံးပြုံးကြီးလုပ်ကာပြောလာသည်။

"ခင်ဗျား ဖိန့်ဖိန့်တုန်လေးကို ကျေးဇူးတင်သင့်တယ်"

"ငါက ဘာကိစ္စကြောင့်မင်းခွေးမကြီးကိုကျေးဇူးတင်ရ..."

"........?"

ကြောက်စရာကောင်းအောင် ထည်ကခပ်တည်တည်
ကြီးပြုံးပြနေလေ သတ္တိတကိုယ်လုံးကြက်သီးတွေ
ထလာလေပင်ဖြစ်နေတော့သည်။ သူအခုတကယ်ကြီး
ခွေးစာကိုစားနေရတာလား.. ။

အဲ့ဒါလဲ သူအရမ်းအမြင်ကပ်တဲ့ဒီကောင့်ရဲ့ခွေးမကြီး
ဆီကမုန့်ကိုမှ သူကပြန်ယူစားနေရတာပေါ့လေ.. ။

မွေးစားညီလေး [COMPLETE]Where stories live. Discover now