အပိုင်း ၃၀

17.9K 703 23
                                    

Unicode

အချိန်ကည၇နာရီပဲရှိသေးသည်။ ဆောင်းတွင်းဘက်ကြီးမိုးကတဖွဲနှစ်ဖွဲကျလာတော့ တိုက်ခန်းအပြင်ဘက်ဝရံတာမှာလှန်းထားတဲ့အဝတ်တန်းစင်ပေါ်က
အဝတ်တွေကိုထွက်ရုပ်ဖို့ နေထက်ပြင်ရတော့သည်။
တစ်ယောက်တည်းနေရတာဆိုတော့ အဝတ်လျှော်စက်သာသုံးသည်။ အိမ်ကမိဘတွေကလည်းပိုက်ဆံလှမ်းထောက်ပေးပြီး လစဥ်လိုလိုမုန့်ဖိုးကလည်းနေထက်အတွက်အသုံးမပြတ်။ ချစ်စရာကောင်းတဲ့
ရည်းစားလေးကိုပါရထားတော့ နေထက်ဘဝကစိုစိုပြေပြေနဲ့ဖင်တကြွကြွရှိသည်။ ကိုယ့်ဘက်က ဂရုစိုက်မှုတွေနဲ့အချစ်တွေသာပေးနိုင်တာဆိုရင် ကိုယ့်ထက်အသက်ငယ်တဲ့သူ(မ)ဘက်ကလည်း နေထက်ကိုထိုမျှမကပေးခဲ့ပါသည်။ အချစ်တွေကထပ်တူကျရင်ပျော်စရာကောင်းသည်။ ကျောင်းစာမေးပွဲပြီးတည်းကမတွေ့ရသေးတဲ့တစ်ဦးတည်းသော သူငယ်ချင်းကြီး ထည့်ကိုလည်း ထပ်တူကျတဲ့ချစ်ခြင်းမျိုးနဲ့တွေ့စေချင်သည်။ သူငယ်ချင်းကောင်းဆိုတော့လည်း ကောင်းတဲ့အကြောင်းအရာလေးတစ်ခုဖြစ်ဖြစ်တွေးမိရင်ကို မျှဝေပေးချင်မိတာမျိုး။
အဝတ်တွေရုပ်နေတုန်းအတွေးကမဆုံးလိုက်ရ။
အိမ်ရှေ့ကတံခါးဘဲလ်သံကြောင့် ကမန်းကတန်းရုပ်ရင်းအဝတ်တွေကိုဆိုဖာပေါ်ပုံခဲ့ကာ တံခါးဖွင့်ဖို့ပြင်ရသည်။ ညဘက်ကြီးကိုမီမီကတော့လာမှာမဟုတ်တာသေချာသည်။ ဘယ်သူများလဲ ဆိုပြီးတိုက်ခန်းတံခါးရဲ့အထဲကခတ်ထားတဲ့သော့ကိုဖြုတ်ရင်း ဖွင့်လိုက်သည့်သကာလ.....။

"ဟေ့ကောင်!ထည်... မင်းဘယ်လိုလုပ်!"

လက်ထဲကခရီးဆောင်အိတ်ကိုမြင်ပြီး ဆက်ပြောဖို့ဆွံ့အသွားသည်။ တစ်မြို့နယ်ထဲနေနေကြတာကို
သူငယ်ချင်းအိမ်အထုတ်ဆွဲပြီး ရက်သတ္တပတ်အလည်လာမှာမဟုတ်ရိုးတော့သေချာသည်။
သူတွေးမိသည်က ထည်အိမ်ပေါ်ကဆင်းလာသည်လား။ဒါမှမဟုတ် ထည်အိမ်ပေါ်ကနှင်ချခံလာရသည်လားပဲဖြစ်သည်။ ဒါပေမဲ့ ကာယကံရှင်နှုတ်ကဖွင့်ပြောမလာပဲ တိုက်ရိုက်မေးလိုက်ဖို့မကောင်းတာကြောင့် နေထက်ကအပိုစကားတွေမပြောဘဲ အိမ်ထဲဝင်ဖို့သာဆော်သြလိုက်မိသည်။

"ဝင်လေထည်.... အကြောင်းမကြားဘာမကြားနဲ့
ဘယ်လိုဖြစ်လို့ရောက်ချလာတာလဲ..."

မွေးစားညီလေး [COMPLETE]Where stories live. Discover now