Unicode
Californiaကို အပျော်ခရီး ခြောက်လကျော်ထွက်သွားတဲ့ Taeက ဒီနေ့ ပြန်လာမှာတဲ့
အဲဒါမို့ Taeရဲ့မိဘတွေက သူတို့အိမ်မှာ Partyလုပ်မှာဆိုပြီး Taeရဲ့သူငယ်ချင်းတွေကို ဖိတ်တော့ ကိုယ်ပါ သွားရမှာပေါ့
" Jimin!! ပြီးရင် သွားမယ်လေ နောက်ကျနေပြီ "
" လာပြီ ခဏစောင့် "
သူငယ်ချင်းဖြစ်တဲ့ Hoseokက အိမ်ပေါက်ဝကနေ လာအော်နေတာမို့ leather jacketကို လှမ်းယူပြီး အိမ်ပြင်ကို ထွက်လာခဲ့သည်
" မင်းရဲ့ကားနဲ့ပဲ သွားမှာမလား Hoseok "
" အေး အဲဒါကြောင့် ငါ ကားယူလာတာပေါ့ သွားစို့ "
Taehyungရဲ့အိမ်ကို သွားတဲ့ လမ်းဝယ်
" Hoseok...
ငါ ဒီနေ့ Taeကို ဖွင့်ပြောမလို့ "" ဘာ!!! "
လန့်တာကို ဖြည်းဖြည်းမလန့်ဘဲ ကား စီယာတိုင်ပါ ယိုင်ထိုးသွားတာမို့
" သေချာမောင်းစမ်းပါ "
" အော...ဒီညတော့ အချစ် သူရဲကောင်းကြီးလုပ်တော့မယ်ပေါ့ ဒီ ရှစ်နှစ်ကျော်လုံးလုံး ဖွင့်မှပြောပါ့မလားလို့ စိုးရိမ်နေတာ မင်းဖွင့်ပြောတာတော်တော်စောတယ်နော် "
" မင်း ငါ့ကို လာလှောင်မနေနဲ့
ငါဖွင့်ပြောလိုက်တာကြောင့် သူ့ကို စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူး "" ဟုတ်ပြီ ဖိုက်တင်းကွာ ငါ တစ်ခုခုကူညီပေးဖို့ လိုရင်လည်း ပြောပေါ့ "
" အင်းပါ "
Taehyung ခြောက်လကျော် ဒီtripသွားနေတုန်းက Taeကို လိုနေတဲ့အချိန်မှာ Hoseokက ဘေးမှာ အမြဲ အတူရှိနေပေးတဲ့ သူငယ်ချင်းကောင်း
ဒီလိုနဲ့ partyပွဲအတွက် ပြင်ဆင်ထားတဲ့ ခြံထဲကို ကားဝင်လာလိုက်တာနဲ့ ရင်တွေ တန်းခုန်လာလိုက်တာ
ခြောက်လကျော် မတွေ့ရတာတောင် မင်းက ငါ့ကို တော်တော်ပြုစားထားနိုင်သေးတာပဲ Kim Taehyung...အိမ်ကြီးထဲကို ဝင်လာတော့ DJသံတွေနဲ့ ဆူညံနေသည်
ဝင်ဝင်ချင်း လိုက်ရှာမိတာက Tae...Taeကို မတွေ့ပေမယ့် Taeရဲ့ညီမလေးကို တွေ့တာမို့
" Mina.. Taehyungရော? "
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...