It's Raining

4.5K 530 17
                                    

Unicode

ညနေခင်း ရုံးဆင်းချိန်ရောက်တော့ ပြတင်းပေါက်ကနေ အပြင်ဘက်လောကကို လှမ်းကြည့်လိုက်လေသည်

မိုး ခပ်သဲသဲရွာနေတာပဲ
ဒီနေ့မှ ထီးက ပါမလာပေ

ကုမ္ပဏီမှာရှိတဲ့ ထီးတွေကလည်း အလုပ်စောဆင်းမယ့် အခြားဌာနက ဝန်ထမ်းတွေက ဦးစွာ ယူသွားလောက်ပြီ

" မန်နေဂျာ အလုပ်ဆင်းတော့မလားမသိ "

တံခါးခေါက်သံနဲ့အတူ အတွင်းရေးမှူးLeeက အခန်းထဲဝင်ကာ မေးလာခဲ့သည်

" အင်း ဆင်းတော့မှာ အတွင်းရေးမှူးLeeအရင် ဆင်းနှင့်ပါ ကျွန်တော် ခဏနေလိုက်ဦးမယ် "

အတွင်းရေးမှူးLee အပြင်ထွက်သွားတော့ ပြတင်းပေါက်နားကို ရပ်ကာ မျှော်ကြည့်နေလိုက်သည်
မိုးနည်းနည်းစဲမှ ပြန်ရမှာပဲ
အပို မကုန်ချင်တာမို့ များသောအားဖြင့် ဘတ်စ်ကားနဲ့ပဲပြန်ဖြစ်သည် အမေဖြစ်သူရဲ့ ဆေးရုံခ ရှိနေသေးတာမို့ တော်ရုံ ကိုယ်ပိုင်ကား မသုံးဖြစ်တော့ပေ

ဘတ်စ်ကား မှတ်တိုင်ကို ရောက်ဖို့ အနည်းဆုံးတော့ လမ်းလျှောက်သွားရဦးမည် ဒါကြောင့် မိုးစဲအောင် စောင့်ရင်း အပြင်ဘက်ရှုခင်းကို ငေးမျောကြည့်နေခြင်းသာ

မကြာလိုက်ပါဘူး ခဏအကြာမှာ မိုးဖွားဖွားလေးသာ ကျတော့တာမို့ လိုအပ်တဲ့စာရွက်စာတမ်းများကို အိတ်ထဲထည့်ပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်

အောက်ထပ်Lobbyကနေ အပြင်ဘက်ထွက်လာတော့ အပေါက်ဝက လှေကားဘေးမှာ နံရံကိုမှီရပ်နေတဲ့ လူတစ်ယောက်

လယ်သာကုတ်အင်္ကျီက အစဉ်အမြဲ ပြောင်လက်နေပေသည် အနက်ရောင်ဝမ်းဆက်ဝတ်ထားတာကြောင့်လားတော့မသိ
လက်ချောင်းလေးများက ပိုကာဖြူဝင်းနေသယောင် ထိုလက်ချောင်းများကြားတွင်လည်း ဖြူစွတ်နေတဲ့ ခေါက်ထီးလေးတစ်ချောင်းကို ကိုင်ထားသေးသည်

" Jungkook? "

" ရော့ "

စကားအပိုမပြောဘဲ လက်ထဲက ထီးအဖြူလေးကို လှမ်းပေးလာသည်
သူ မနက်က ‌စိတ်ဆိုးသွားတာမဟုတ်ဘူးလား
ထိုလူရဲ့ မျက်ခုံးအစုံကတော့ ကျုံ့ထားဆဲ
ဆံပင်စရဲ့ အစွန်းလေးများမှာ မိုးစက်များ ခိုနေကြသေးသည်

Love me, don't FlirtWhere stories live. Discover now