Unicode
မနက်ခင်း အအေးဓာတ်လေးရှိတာမို့ ခါးထက်ကို ရောက်နေတဲ့စောင်ကို အထက်ကို ဆွဲခြုံလိုက်သည်
အိပ်ချင်မူးတူးနဲ့ အိပ်ရာဘေးကို လက်နဲ့စမ်းလိုက်တော့ အေးစက်နေတဲ့ အိပ်ရာခင်းကိုသာ ကိုင်တွယ်မိသည်
" Jimin ssi? ဘယ်ရောက်သွားတာလဲ? "
မပွင့်သေးတဲ့ မျက်လုံးအစုံကို Jungkook ပွတ်သပ်လိုက်ရင်း အိပ်ရာထက်တွင် ထကာထိုင်လိုက်သည်
နာရီကို လှမ်းကြည့်လိုက်တော့ မနက်ခြောက်နာရီပဲ ရှိသေးသည်
ဆောင်းတွင်းရောက်လာတာမို့ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ အပြင်လောက,က လင်းတောင် မလင်းသေးပေ
ဘေးက စင်လေးထက်တွင် ခရမ်းနုရောင် စာရွက်လေးကို လှမ်းမြင်လိုက်တာမို့
/ Jeon.. ငါ ခဏ လမ်းထွက်လျှောက်တာ ... ပြန်လာခဲ့မယ်နော် ... ချစ်တယ် (つ≧▽≦)つ /
အစောကြီးပဲ ဘယ်တုန်းက လမ်းလျှောက်ထွက်လို့လဲ
ကိုယ်အရင်ကတည်းက စတော့ကာ(stalker)လိုနောက်က လိုက်နေတာကို သူ မနက်ပိုင်း လမ်းထွက်လျှောက်တတ်မှန်း မသိပါဘူး
ငါ့ကို နှိုးပြီး တူတူသွားတာတော့မဟုတ်ဘူး တစ်ယောက်တည်း ထွက်သွားရတယ်လို့Jiminရဲ့ ဘီရိုထဲက အနွေးထည် အထူတစ်ထည် ရွေးယူလိုက်ပြီး အိမ်ထဲက ထွက်လာခဲ့သည်
အိမ်ရှေ့ထွက်လာတော့ Jiminရဲ့ကားက မရှိချေ
Jihyun ယူသွားတာနေမယ်... Jiminက အလုပ်ရှိတာမို့ Jihyunက အမြဲ မနက်ပိုင်းရော ကျောင်းကအပြန် ညနေပိုင်းရော အမေဖြစ်သူကို ဆေးရုံစောင့် သွားပေးသည်
ဒီလိုကျ Jiminရဲ့ညီက အားကိုးရသည်စိမ့်ချမ်းနေတဲ့ မနက်ခင်းမှာ အနွေးထည် ပါသွားပါ့မလားမသိတဲ့ ချစ်သူကို မျှော်ရသည်
မိနစ်နှစ်ဆယ်နီးပါးလောက် ရပ်စောင့်နေပေမယ့် ပြန်မလာသေးတာမို့ အိမ်ထဲ ပြန်ဝင်မယ်ကြံတုန်း
ကားအဖြူရောင်လေးတစ်စီး က အိမ်ရှေ့ကို ထိုးရပ်လာသည်
ဒါ သန့်ပြန့်နေအောင်ထားတတ်တဲ့ Jungkookရဲ့ ကားအဖြူလေးဖြစ်သည်
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...