It Feels Cold

4.6K 509 84
                                    

Unicode

ခြေဦးတည့်ရာ မောင်းလာရာကနေ ကားလေးက အိမ်တစ်အိမ်ရှေ့တွင် ရပ်တန့်သွားလေသည်

ထိုအိမ်ကို ကားထဲကနေ စိုက်ကြည့်နေလိုက်ပြီးမှ ဟခနဲတစ်ချက်ရယ်လိုက်မိသည်

" ငါက ဘာလို့ ဒီကိုရောက်လာရတာလဲ? "

ခေါင်းတယမ်းယမ်းဖြင့် ဂီယာပြန်ထိုးကာ ကားထွက်ဖို့ပြင်လိုက်ပေမယ့်လည်း လှုပ်ရှားမှုများက အတွေးတစ်ခုခုကြောင့် ရပ်တန့်သွားပုံပေါ်သည်

ထိုင်ခုံ ခါးပတ်ကို ချွတ်လိုက်ကာ ကားထဲကနေထွက်လာခဲ့သည်
ကားကို မှီကာ ထိုအိမ်ထဲက မီးလင်းနေတဲ့အခန်းလေးကို အချိန်ကြာ စိုက်ကြည့်နေတုန်း

" TaeTae?! "

မိမိနာမည်ကို ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ သတို့သမီးလောင်းဖြစ်နေသည်
သူနဲ့ မင်္ဂလာဆောင်ဖြစ်ပါတော့မလား

" Soyeon "

" TaeTaeက Soyeonကို လာတွေ့တာလား မ‌ဟုတ်တောင် Soyeonက Taeကိုဖုန်းဆက်ပြီး တောင်းပန်မလို့လုပ်နေတာ "

ထိုအချိန် အချိန်တစ်ခုကြာ Taehyungစိုက်ကြည့်နေတဲ့အိမ်က ခြံတံခါးပုပုလေး ဖွင့်သံကို ကြားလိုက်ရကာ လူတစ်ယောက် ထွက်လာပြီး

" Kim Taehyung? မင်းက ဒီမှာဘာလုပ်နေတာလဲ? ရောက်နေတာကို ဝင်မလာဘဲနဲ့ "

တီရှပ်ပွပွလေးကို ဘောင်းဘီအနက်ရောင် အတိုလေး ဝတ်ထားတဲ့ Hoseokက အမှိုက်ထုပ် လာပစ်ပုံပေါ်သည်

အိမ်ထဲက ထွက်လာတော့ အိမ်ပေါက်ဝမှာ ထီးထီးကြီးရပ်နေတဲ့ Taehyungကိုမြင်တော့ တအံ့တဩမေးလေသည်

ပြီးမှ ဘေးနားကို ကြည့်လိုက်တော့ Taehyungနဲ့ယူမယ့် အမျိုးသမီးရောရှိနေတာကိုး ထိုအမျိုးသမီးရဲ့ အဆောင်နဲ့ ကိုယ့်အိမ်က တစ်လမ်းတည်းဆိုတာ Taehyungပြောပြဖူးသည်

အခု သူတို့ကိုကြည့်ရတာ စကားပြောနေတုန်း တန်းလန်းဖြစ်ပုံပေါ်သည်
ဒါကြောင့်မို့ Hoseokက

" နှောင့်ယှက်မိသွားလားမသိဘူး ဆက်ပြောကြနော် "

တစ်ဖက်ကို Hoseokလှည့်ဖို့အလုပ် Hoseokရဲ့လက်ထဲကအထုပ်ကို Taehyungက လှမ်းယူလိုက်ပြီး

Love me, don't FlirtWhere stories live. Discover now