" CEO Jeon... ကြိုဆိုပွဲအတွက် အဆင်သင့်ဖြစ်ပြီလို့ ဒါရိုက်တာက ပြောခိုင်းလိုက်လို့ပါ "
ရုံးခန်းထဲဝင်လာတဲ့ အတွင်းရေးမှူးဟန်ရဲ့ပြောစကား အကြားမှာ နားထင်ကို လက်ထောက်ထားတဲ့Jungkookက အလိုမကျစွာ မော့ကြည့်လိုက်ပြီး
" သူက ကိုယ်တိုင်လာမပြောဘူးလား? "
" ဒါရိုက်တာက ကြိုဆိုပွဲအတွက် ပြင်ဆင်နေရလို့ မလာအားတာပါတဲ့ "
အလိုမကျတဲ့အကြည့်က ပျောက်မသွားပါ
အချိန်ကို ကြည့်လိုက်တော့ ညနေငါးနာရီထိုးခါနီးပြီ
" ငါ အပြင်ခဏသွားဦးမယ် ခုနစ်နာရီလောက်မှ ရောက်မယ်ပြောလိုက် "
" ဟုတ်ကဲ့ပါ "
ချိတ်မှာ ချိတ်ထားတဲ့ နေဗီပြာကုတ်ကို ယူကာ ရုံးခန်းထဲက ထွက်လာခဲ့သည်
ကုမ္ပဏီကတော့ လူအနည်းငယ်ရှင်းနေတာဖြစ်သည်
CEOအသစ် ကြိုဆိုပွဲအတွက် သွားကြပြီထင်သည်-------------------------
ကားကိုမှီကာ ဒူးတစ်ဖက်ကို ကွေးထားပြီး အနောက်ဘက်ကို တကြည့်ကြည့်နှင့်ပင်
အချိန်က ခြောက်နာရီတောင်ရှိတော့မည်
" Jimin ssi က နောက်ကျပြန်တာလား "
လက်ပိုက်ကာ သည်းခံပြီးစောင့်နေပေမယ့် လက်ပတ်နာရီကိုကြည့်လိုက်တော့ အချိန်က ခြောက်နာရီ ဆယ့်ငါးမိနစ်
" ဟာ မဟုတ်သေးပါဘူး "
တစ်ဖက်ကို လမ်းကူးလိုက်ပြီး ကုမ္ပဏီထဲကို ဝင်လာခဲ့သည်
" Kook... မန်နေဂျာက- "
အတွင်းရေးမှူးLeeပြောတာကို အဖက်မလုပ်ဘဲ Jiminရဲ့ ရုံးခန်းထဲကို ဝင်လာလိုက်သည်
အခန်းထဲမှာ မရှိပေ...
ဆံနွယ်များကို စိတ်ရှုပ်စွာ ထိုးဖွလိုက်ပြီး ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်တော့
မြည်သံ သုံးခါကြာပြီးတော့ ဖုန်းကိုင်လာသည်
" Jimin... မင်း အခုဘယ်မှာလဲ? "
/ ငါလား မင်းတို့အိမ်မှာ... /
ရှုပ်ထွေးမှုကြောင့် Jungkookရဲ့မျက်ခုံးများက နားမလည်စွာ တွန့်ချိုးသွားပြီး
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...