The Reason

4.3K 470 14
                                    

Unicode

ဒီနေ့ မနက် မိုးလင်းလာကတည်းက သက်ပြင်းချနေမိသည်

" Kim Tae... ငါ ကော်ဖီဖျော်လိုက်မယ်နော် "

" ရတယ်.. ငါဖျော်မယ် "

မီးဖိုခန်းထဲကို လျှောက်လှမ်းလာတဲ့ Taehyungက ကော်ဖီဖျော်ဖို့ပြင်နေတဲ့ Hoseokရဲ့ ခါးလေးကို ဆွဲဖက်လိုက်သည်

" ကိုယ် ဖျော်မယ်လို့... "

" ငါလုပ်လက်စနဲ့ လုပ်လိုက်တော့မယ်.. ဖယ်စမ်းပါ ... "

ဖယ်ခိုင်းမှ ပိုတင်းကျပ်စွာ ဖက်တွယ်လာတဲ့ Taehyung‌ကြောင့် Hoseok စိတ်မရှည်စွာ တံတောင်နဲ့ လှမ်းထိုးပစ်လိုက်မှ

" နာတယ်ဟ... "

" ........... "

" ငါ အိမ် ခဏပြန်ဦးမယ် Hosuk "

Hoseokက ဘာမှ ဆက်မပြောဘဲ လုပ်စရာရှိတာ လုပ်နေတုန်း Taehyungရဲ့ ခပ်ဩဩ စကားသံကို ကြားလိုက်ရသည်

" ........ "

ရေနွေးအိုးကို လှမ်းယူဖို့ပြင်နေတဲ့ Hoseokရဲ့ လက်သွယ်သွယ်လေးများက ရပ်တန့်သွားကာ တစ်ဖက်လူနဲ့ မျက်နှာချင်းဆိုင် လိုက်သည်

အရင်လို စနောက်နေပုံတော့မပေါ်

" မင်း အဆင်ပြေရဲ့လား? "

ထိုအချိန်မှ Taehyung ခေါင်းငုံ့နေရာကနေ Hoseokရဲ့မျက်ဝန်းများကို စိုက်ကြည့်လာလေသည်

ထို့နောက် အပြုံးမမည်စွာ နှုတ်ခမ်းလေးသာ အနည်းငယ် ကွေးပြီး

" ငါ လုပ်ခဲ့တာတွေပဲ.. ငါ တာဝန်ယူရမှာပေါ့ "

" ကြာမှာလား? ဒီည ငါ မင်းကိုစောင့်နေရမလား? "

ထိုမေးခွန်းကို ချက်ချင်းပြန်မဖြေသေးဘဲ Taehyungက အနီးကို လျှောက်လာပြီး Hoseokရဲ့ လက်တစ်စုံကို အသာအယာ ဆွဲကိုင်လိုက်ကာ လက်ချောင်းလေးများကို ပွတ်သပ်နေရင်း

" ကိုယ် မသေချာသေးဘူး ...ကြာချင်လည်း ကြာနိုင်တယ်... ကိုယ်ပြန်ဖုန်းဆက်မယ်လေ "

" အင်းပါ... လိုက်ပေးဖို့ လိုရင်လည်းပြောလေ "

ဆွဲထားတဲ့ လက်တစ်စုံကို လွှတ်လိုက်ကာ Hoseokကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်

Love me, don't FlirtWhere stories live. Discover now