Grudgingly

5.2K 596 30
                                    

Unicode

သန့်စင်ခန်းဆီကို လက်အဆွဲခံပြီး ခေါ်သွားခံရသည်

ပြီးတော့ ဘာမပြော ညာမပြောနှင့် ဘေစင်က ရေကိုဖွင့်လိုက်ပြီး မိမိလက်ကို ခပ်ဖွဖွကိုင်ပြီး ရေဆေးပေးနေတဲ့ Jungkook

" ငါ့ဘာသာ လုပ်လိုက်မယ် ရတယ် "

တစ်ဖက်လူက ဘာမှပြန်မပြောပေ
သူ့စိတ်တိုင်းကျ Jiminရဲ့ လက်ကိုသာ ရေနဲ့ဆေးပေးနေသည်

ခဏအကြာမှ

"  Kim Taehyungအတွက်ချည်း တွေးမနေနဲ့  ကိုယ့်ဘာသာလည်း ဂရုစိုက်ဦး "

" ဟမ်? မင်း ဘာကို- "

ပြောနေတာတောင် မဆုံးသေးဘူး ဘေစင်ပေါ်က မှန်ကို တစ်ချက်ကြည့်သွားပြီး ထွက်သွားလေသည်

" ယဉ်ကျေးမှုမရှ်ိတဲ့ကောင် လူကြီးစကားပြောနေတာကို ဆုံးအောင် နားမထောင်သွားဘူး "

ရောက်လက်စနဲ့ အပေါ့သွားပြီး သန့်စင်ခန်းထဲက ထွက်လာတော့ Hoseokက လက်လှမ်းပြသည်
Hoseokဘေးမှာက ခုနက တိုက်မိသွားတဲ့ Jungkookရဲ့ကောင်မလေးလား

" Hoseok ဘာလဲ "

Hoseokနဲ့ဘေးကို သွားလိုက်ပြီး ဘေးနား ရောက်နေတဲ့ Jungkookရဲ့ကောင်မလေးကို နားမလည်စွာကြည့်လိုက်သည်

" အစ်ကို... ခုနက ကိစ္စ ညီမတောင်းပန်ပါတယ် ညီမ လမ်းကို သေချာ မကြည့်မိတာပါ ညီမမှားသွားတာပါ "

ဆိုင်ရဲ့ ဝင်ပေါက်နားမှာ Jungkookက ဒီဘက်ကို တိုက်ရိုက်ကြည့်‌မ‌နေဘဲ မျက်လွှာချကာ စောင်းငဲ့ကြည့်နေသည်

ဘာလဲ သူ တောင်းပန်ခိုင်းထားတာလား
သူ့ကောင်မလေးကို တောင်းပန်ခိုင်းပြီးမှ ပြန်မယ့်သဘောရှိသည်
သူ မပြောရင် သူ့ကောင်မလေးက ကိုယ်တိုင်လာတောင်းပန်မယ့်သူမျိုးမှ မဟုတ်တာ

" ရပါတယ် မတော်တဆဖြစ်သွားတာပဲကို "

" အစ်ကို့ လက်က အပူလောင်တာ တော်တော်ဆိုးသွားလားဟင် ညီမ တကယ်တောင်းပန်ပါတယ် "

" မဆိုးပါဘူး အဆင်ပြေပါတယ် ခုတောင် သက်သာသွားပြီ "

" ဟုတ် ဒါဆို ညီမ ‌သွားလိုက်ဦးမယ်နော် "

Love me, don't FlirtWhere stories live. Discover now