Epilogue : Fall in love again and again

9.1K 634 50
                                    

Unicode

ကားကို တနေရာမှာ ရပ်လိုက်ပြီးတာနဲ့

" Jeon... ဆင်းလို့ရပြီ "

Jiminက ကားခါးပတ်ကြိုးကို ဖြုတ်နေရင်း ဘေးကလူကို လှမ်းပြောလိုက်သည်

ထိုဘေးကလူက လှည့်တောင်မကြည့်ဘဲ ကားပေါ်က ချက်ချင်းဆင်းကာ ကားတံခါးကို ဆောင့်ပိတ်သွားလေသည်

သူ့ကားဆိုတော့လည်း ကြိုက်သလိုသာ ဆောင့်အောင့်နေလိုက်

ညပိုင်းရောက်နေတာမို့ ညလေအေးက တိုက်ခတ်လာတာနဲ့အမျှ လူပါ စိမ့်အေးသွားတတ်သည်

CEOကြီးတောင် သူအလှပြထားတဲ့ သူ့ရင်ဘတ်ကြွက်သားတွေထက်က ရှပ်အင်္ကျီကြယ်သီးကို လည်ပင်းထက်ထိ တပ်နေလေပြီဖြစ်သည်

Jungkook အနီးနားတစ်ဝိုက်ကို လှမ်းကြည့်လိုက်တော့ အခုရောက်ရှိနေတာက တံတားတစ်ခုပေါ်တွင်ဖြစ်သည်
ဘေးပတ်ပတ်လည်က ရေကန်ကြီးသာ

မီးအလင်းရောင်ဆိုလို့ ဘာမှ မရှိချေ
တိတ်ဆိတ်မှုကြီး စိုးမိုးနေပုံက လေသွားရာ အသံများကိုပါ တိကျစွာကြားနေရသည်

ဒီကို Jiminက ဘာလို့ လာချင်တာပါလိမ့်

" မင်း ငါ့ကို မကျေနပ်ချက်‌တွေရှိလို့လား? Jimin "

ကားပေါ်ကဆင်းကာ Jungkookရှိရာကို လျှောက်လာနေတုန်း ကြားလိုက်ရတဲ့မေးခွန်းစကား
တည်ကြည်နေတဲ့ မျက်နှာထားနဲ့ လေသံက ခပ်မာမာ

" ဟမ်? ငါက ဘာလို့မင်းကို မကျေနပ်ရမှာလဲ? "

" မသိဘူး.. လူသူမရှိတဲ့ဆီခေါ်လာပြီး ရေကန်ထဲများ တွန်းချမလို့လားလို့ "

ထိုစကားကြောင့် Jimin ခပ်ဟဟရယ်ကာ တုန့်ပြန်လိုက်ပြီးတာနဲ့ အကြည့်ကို မိမိလက်ပတ်နာရီဆီ ဦးတည်လိုက်သည်

" ငါက မင်းကို ဘာလို့အဲလိုလုပ်ရမှာလဲ? တစ်နေ့တနေ့ မင်းကို မတွေ့ရရင်တောင် မနေနိုင်ပါဘူးဆို "

ထိုစကားကြောင့် တစ်ဖက်လှည့်သွားလေတဲ့ CEOကြီးက သဘောကျစွာပြုံးနေမယ်ဆိုတာက သေချာပါသည်

" Jeon... ငါ့ကိုကြည့် "

ထိုစကားနဲ့အတူ Jungkookရဲ့ လက်နှစ်ဖက်လုံးကို ဆွဲကိုင်လိုက်ကာ မျက်နှာချင်းဆိုင်စေသည်

Love me, don't FlirtWhere stories live. Discover now