I have to see you everyday

4.8K 540 29
                                    

Unicode

ဖြူစွတ်နေသောကားတစ်စီးက စံတော်အိမ်ရှေ့မှာ ရပ်တန့်သွားသည်

ကားပေါ်က ဆင်းလာတဲ့ Jungkookဟာ စိတ်ရှုပ်စရာကောင်းတဲ့ လည်ပင်းထက်က နက်ခ်တိုင်ကို ကြမ်းတမ်းစွာ ဆွဲဖြုတ်လိုက်သည်

အိမ်တံခါးမကြီးကို ဖွင့်ဖို့အပြင် အရင်ပွင့်လာသော တံခါးနဲ့အတူ Taehyungကိုပါ မြင်လိုက်ရသည်

Taehyungကို ကြည့်ရတာ အလျင်လိုနေသလိုပင်
ထူးထူးဆန်းဆန်း အိမ်စောစောပြန်လာတဲ့Jungkookကိုမြင်လိုက်ရတော့လည်း တဖန် အံ့ဩသွားဟန်

" Jungkook? "

Jungkookကတော့ ပြန်လည်းမထူးသလို ဘာမှ ပြန်မပြောဘဲ ဘေးတစ်ဖက်ကိုသာ ကပ်ကာ လမ်းဖယ်ပေးလိုက်သည်

" မင်း ကုမ္ပဏီကို သွားခဲ့တာမလား အဖေက ဘယ်လို ဆေးရုံရောက်သွားတာလဲ ခု ငါ့ကို အတွင်းရေးမှူးက ဖုန်းဆက်တာ "

ဆေးရုံကို လိုက်သွားဖို့ ပြင်နေတဲ့ Taehyungက အခြေအနေသိ‌လောက်မယ်ထင်တဲ့ Jungkookကို အရင် လှမ်းမေးသည်

Jungkookက ဘောင်းဘီအိတ်ကပ်ထဲကို လက်ထည့်လိုက်ရင်း

" မသေပါဘူး အေးဆေးပေါ့ "

ထိုပေါ့ပျက်ပျက်အဖြေကြောင့် Taehyung တစ်ချက် ဒေါသထွက်သွားဟန်ပေါ်ပေမယ့် တစ်ဖက်လူကတော့ ဂရုစိုက်ပုံမပေါ်ပေ

ခဏအကြာမှ Taehyung သက်ပြင်းချလိုက်ပြီး

" Jungkook... မင်း ဒီကုမ္ပဏီ အာဏာလွှဲမယ့်ကိစ္စနဲ့ပတ်သက်ပြီး မင်း မကျေနပ်တာ ငါသိပါတယ်.. ငါကလည်း ဒါတွေမမက်ဘူး လွှဲပေးရင်တောင် ငါ ဒီCEOနေရာကိုယူဖို့ စိတ်ကူးမရှိဘူး မင်းသဘောပါ... မင်းလိုချင်ရင် ယူလိုက်ပါ... အဖေ့ကိုတော့ အကျပ်မရိုက်ပါနဲ့ ခုတောင် မင်းကြောင့် ဆေးရုံရောက်သွားရတာမလား အဖေ့ကိုတော့ ထပ်ပြီး ဒုက္ခမပေးပါနဲ့ "

ထိုစကားကြောင့် Jungkook မျက်နှာကို တည်ငြိမ်အောင် ဆက်လက်ထိန်းထားရပေမယ့် လည်ပင်းတစ်လျှောက်ကတော့‌ ဒေါသကြောင့် ထောင်ထွက်လာတဲ့ သွေးကြောများကို မြင်နေရသည်

" မင်းအဖေကိုကျ နာတတ်တယ်ပေါ့ ဟုတ်လား "

ထိုစကားကြောင့် Jungkookရဲ့ ပခုံးထက်ကို Taehyung ခပ်ဖွဖွလှမ်းကိုင်လိုက်ရင်း

Love me, don't FlirtWo Geschichten leben. Entdecke jetzt