Unicode
" ရောက်ပြီ "
ကားကို စက်သပ်လိုက်ပေမယ့် ဘေးထိုင်ခုံမှာ ပါလာတဲ့ လူသားက မူးပြီးအိပ်ပျော်နေတာမှ နှစ်နှစ်ခြိုက်ခြိုက်ပင်
" Jimin ssi ... အိမ်ရှေ့ရောက်ပြီ ... ထတော့ "
လှုပ်တောင် လှုပ်မလာဘူး
ထိုလူသားကို ပတ်ပေးထားတဲ့ ကားခါးပတ်ကြိုးကို အရင်ဖြုတ်ပေးဖို့ Jungkook ကိုယ်ကို အနည်းငယ် ကိုင်းလိုက်လေသည်
ခါးပတ်ကို ဖြုတ်ပေးလိုက်တော့ မျက်ဝန်းများ ပွင့်လာပြီဖြစ်တဲ့ Jimin ...
" နိုးလာတာ အတော်ပဲ ... ငါ မင်းကို သယ်သွားစရာမလိုတော့ဘူး ဆင်းတော့ "
ယနေ့တနေ့တာက သိပ်ကို ရှည်လျားလွန်းသည်
ကုမ္ပဏီကိုသွားဖို့ကလည်း ဆုံးဖြတ်ချက် ချခဲ့ရတာ အကြိမ်ကြိမ်ပင်
ကားနဲ့ နာရီအနည်းငယ် ဦးတည်ရာမဲ့ မောင်းနှင်ပြီး လူပျောက်ရှာရတာ မပါသေးဘူး
ဒါကြောင့်မို့ အမြန်အနားယူချင်နေပြီဖြစ်တာမို့ Jiminကိုတော့ အိမ်တိုင်ရာရောက် ပို့ပေးပြီးမှ နားတော့မယ်လို့ စီစဉ်လိုက်တာဖြစ်သည်ကားပေါ်ကဆင်းခိုင်းနေပေမယ့် မျက်ဝန်းများက အရက်အရှိန်ကြောင့် ရီဝေနေသေးကာ အနီးကပ်မှာရှိနေတဲ့ ကောင်လေးရဲ့ မျက်နှာအစိတ်အပိုင်းတိုင်းကို Jimin ငေးမောကြည့်နေလေသည်
" မင်းအိမ်ရှေ့ ရောက်နေပြီ "
Jungkookက နောက်တစ်ခါထပ်ကာ သတိပေးလိုက်သေးသည်
ထိုအချိန် ပါးပြင်ထက်ကို ထိကိုင်လာတဲ့ လက်ချောင်းသေးသေးလေးများက နူးညံ့စွာ
" Jimin ssi "
သက်ပြင်းချကာ Jungkook ထပ်ကာ သတိပေးသယောင် ပြောလာသည်
Jimin မူးပြီး ရစ်တော့မည်ဟု တွေးထင်လိုက်တာမို့ သတိပေးနေခြင်းပင်" လူတစ်ယောက်က ဒီလောက် ပြည့်စုံပြီး ကြည့်ကောင်းဖို့ လိုလို့လား "
" ......... "
Jiminကတော့ မျက်တောင်ပင် မခတ်သွားချေ
တစ်ဖက်ကောင်လေးရဲ့ နက်မှောင်ရွှန်းစိုနေတဲ့ မျက်ဝန်းများ
KAMU SEDANG MEMBACA
Love me, don't Flirt
Fiksi Penggemarဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...