Unicode
အချိန်တွေ ကုန်ဆုံးတာ သိပ်ကို ကြာရှည်လွန်းသည်
သူနဲ့ တူတူရှိနေတဲ့အချိန်တွေကျတော့ မြန်ဆန်လွန်းလိုက်တာ...
ဆွဲလက်စ proposeဒီဇိုင်းကို ငိုင်ပြီး ငေးကြည့်နေတဲ့ Jiminက လက်ထဲက ခဲတံကိုပါ ပျင်းရိစွာ လှည့်နေလေသည်
နှစ်ပတ်ကျော်သွားပြီ သူ လာမတွေ့တာ...
ဖုန်းလည်း မဆက်ပေ...
ကိုယ်စဆက်လိုက်မယ်လို့ တွေးမိသော်လည်း ငါတို့ အနားယူသင့်တယ်ထင်တယ် ဆိုပြီး အတိအကျပြောလာတဲ့ ကောင်လေးရဲ့ မျက်ဝန်းများကို ပြန်မြင်ယောင်မိသည်နောက်အပတ် စနေနေ့ကျရင် ကျောင်းသားဟောင်း တွေ့ဆုံပွဲရှိသည်
ထိုကောင်လေးရော သွားမလားမသိဖုန်းဆက်ပြီး မေးကြည့်လိုက်ရမလား
အမြဲတမ်း အချိန်တန်ကြာ စောင့်မျှော်နေရတဲ့ ဖုန်းcontactကို အကြိမ်ကြိမ် စဉ်းစားခန်းဖွင့်ပြီးမှ နှိပ်ချလိုက်သည်
သုံး လေးကြိမ် မြည်သံကြားပြီးမှ တစ်ဖက်က ဖုန်းကိုင်လာသည်
/ ဘာကိစ္စရှိလို့လဲ Jimin ssi /
ချက်ချင်းပင် ပြန်မဖြေနိုင်အောင် Jiminရဲ့ နှလုံးသားဟာ လှပ်ခုန်နေတော့တာ
" ကျောင်းသားဟောင်းတွေ့ဆုံပွဲ သွားမှာလား "
တစ်ဖက်လူက ချက်ချင်း မတုန့်ပြန်ဘဲ စက္ကန့်တခဏကြာမှ
/ စနေနေ့မလား .... မသေချာသေးဘူး၊ မင်းရော? /
" ငါက မင်းသွားမှ သွားမှာ "
နူးညံ့စွာ ပြန်ဖြေလိုက်တော့ ဖုန်းထဲက တစ်ဖက်လူက ချက်ချင်း ပြန်မပြောပေ
ခဏကြာမှ
/ ငါ လာခေါ်ပေးမယ်လေ.../
ထိုအချိန်မှ Jiminရဲ့ နှုတ်ခမ်းဖူးဖူးလေးထက် အပြုံးလေး ပေါ်ပေါက်လာသည်
" အင်း စောင့်နေမယ်နော် "
/ ဟုတ်ပြီ... ဂရုစိုက် /
................
ဖုန်းချသွားတာနဲ့ Jungkook ကားပေါ်ကနေ မျက်နှာချင်းဆိုင်က အဆောက်အအုံကို တစ်ချက် လှမ်းကြည့်လိုက်သည်
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...