Unicode
မှောင်မိုက်ကာ အထီးကျန်ဆန်လွန်းတဲ့ လမ်းမထက်တွင် အမြင့်ဆုံးအရှိန်ဖြင့် မောင်းနှင်နေတဲ့ ဆိုင်ကယ်တစ်စီး
နီရွန်အလင်းရောင်များ စူးရှနေဟန်ပေါ်တဲ့ အဆောက်အအုံရှေ့ရောက်တော့ ဆိုင်ကယ် စက်သပ်လိုက်သည်
" ဆရာ့အဖွဲ့တွေ ရောက်နှင့်နေကြပါပြီ ဆရာ "
ထိုစကားကို ဂရုပင်မစိုက်ဘဲ
" ငါ့ဆိုင်ကယ်ကို ထုံးစံအတိုင်း သီးသန့်ထားနော် ပွန်းတာတွေရှတာတွေ မမြင်ချင်ဘူး "
" ဟုတ်ကဲ့ "
အဆောက်အအုံထဲဝင်လာတော့ မျက်စိစူးချင်လှအောင် မီးရောင်စုံများက ပြိုးပြိုးပြက်ပြက်
" Jungkook!!! ဒီကိုလာ "
ဝိုင်းသီးသန့်ယူထားတဲ့ ဆိုင်ကယ်စတန့်ပြ မိတ်ဆွေများ လှမ်းခေါ်နေသော်လည်း မမြင်ချင်ယောင်ဆောင်ကာ barရှိရာကို သွားလိုက်ရင်း
" Vodka double three shots "
" ဟုတ်ပြီ ဆရာ "
" ဒီနေ့ နောက်ကျတယ်နော် "
ဘေးနားကို ရောက်ရှိလာတဲ့ မိန်းမပျိုတစ်ဦးက စားပွဲဘားပေါ် တင်ထားတဲ့ Jungkookရဲ့ လက်ဖမိုးထက်က တက်တူးများကို ထိကိုင်လျက် မေးလာသည်
စကားစလာတဲ့ အမျိုးသမီးကို လှည့်တောင်မကြည့်ဘဲ လာပြီးထိတွေ့နေသည်ကိုတော့ သဘောမတွေ့ပုံဖြင့် လက်ကို ဘေးတစ်ဖက်သို့ အနည်းငယ် ပြန်ရုတ်သိမ်းလိုက်ရင်း
" အစီအစဉ်မရှိဘဲ လာဖြစ်သွားတာ "
" အောင်ပွဲခံဖို့ လာမှဖြစ်မှာလေ ဒီနေ့က Kookရဲ့ပွဲပဲကို "
မိမိရှေ့မှောက်ကို ရောက်ရှိလာတဲ့ vodkaခွက်ကို ကိုင်ကာ တစ်ငုံမျှ မော့လိုက်ရင်း အနည်းငယ် အရသာခံလိုက်ပြီးမှ
" အနိုင်ရလာတာကြာလာတော့ မဆန်းတော့ပါဘူး နောက် ငါ့အတွက်ဆိုပြီး သီးသန့်ကြီး လုပ်ပေးစရာမလိုဘူး "
" တော်တဲ့သူဆိုတော့လည်း ပြောအားရှ်ိတာပေါ့ "
Vodkaကို နောက်တစ်ကြိမ်မော့သောက်လိုက်ပြီးမှ
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...