Unicode
သန်းခေါင်ကျော်နေပြီဖြစ်လို့ လမ်းမထက်တွင် ရှင်းလင်းနေသည်
အနက်ရောင် ကားလေးတစ်စီးကသာ တလှုပ်လှုပ်နဲ့ မောင်းနှင်နေလေသည်
" မင်းအိမ်က အရင်အိမ်ပဲမလား Jimin ssi "
ကားမောင်းရင်း ဘေးမှာ ထိုင်ရက် မူးနေတဲ့ လူကို လှမ်းမေးလိုက်သည်
တစ်ဖက်လူက ပြန်မဖြေ
" အာ... ကိုယ် limitကိုယ် မသိဘူးလား? ကိုယ်သောက်နိုင်သလောက် သောက်တာမဟုတ်ဘူး "
Jungkookက ဘေးကနေ တစ်ဗျစ်တောက်တောက် ပြောနေသော်လည်း တစ်ဖက်လူက လှုပ်တောင် မလှုပ်
ခဏအကြာမှ မူးနေတဲ့တစ်ဖက်လူဆီက ပျို့နေတဲ့ အသံကြားလိုက်ရသည်
" ဟေးး Jimin ssi... ငါ့ကားပေါ် အန်မယ်မကြံနဲ့နော် ကားက ဟိုနေ့ကမှ အသစ်လဲထားတာ ငါ ပြန်လျော်ခိုင်းမှာနော် "
ပျို့ရင်းနဲ့ ထိန်းလို့မရတော့ဘူးဆိုတဲ့ သဘောနဲ့ လက်တကမ်းမှာရှိတဲ့ Jungkookရဲ့ ပခုံးကို တဖတ်ဖတ်နဲ့ ရိုက်နေသည်
" ဟာကွာ... နေဦး ငါ ကားရပ်ပေးမယ် "
ရှေ့နောက်ကြည့်ကာ ကားကို အလျင်အမြန်ပင် ဘေးကို ထိုးရပ်လိုက်တာနဲ့ Jiminက ကားပေါ်က အမြန်ဆင်းပြီး လမ်းဘေးသို့ ပြေးသွားကာ အန်နေလေပြီ
ငါးမိနစ်...... ဆယ်မိနစ်
Jimin ကားပေါ်ပြန်တက်မလာတာကြောင့် ကားနောက်မှန်ကနေ လှမ်းကြည့်လိုက်တော့ လမ်းဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ Jimin
" ဒီလူနဲ့တော့ ခက်ပြီကွာ "
ကားနောက်ခန်းမှာ ထားထားတဲ့ ရေသန့်ဘူးတစ်ဘူးကို ယူလိုက်ကာ ကားပေါ်ကဆင်းပြီး Jiminဘေးကို လျှောက်သွားလိုက်သည်
" အမူးပြေပြီလား "
နှုတ်ခမ်းဆူပြီး မျက်လုံးကို မှိတ်ထားတဲ့Jimin
အမူးမပြေသေးဘူးထင်တယ်" ရော့ ရော့ ... သောက်လိုက် "
ရေဘူးကို အဖုံးဖွင့်ပေးလိုက်ပြီး မတ်တပ်ရပ်လျက်ပင် လှမ်းပေးလိုက်တော့ ထိုကောင်လေးက လှမ်းယူကာ ခိုင်းတဲ့တိုင်း ရေသောက်နေသည်
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...