" Jimin!! Taeပြန်ရောက်ပြီတဲ့ ကားဝင်လာပြီ "
အိမ်တံခါးမကြီးကို ဖွင့်ကာ အပြင်ကနေ ခေါင်းပြူပြီး လှမ်းအော်တဲ့ Hoseokကြောင့် DJသံတွေပါ ရပ်သွားကာ
Taeရဲ့ အမေက
" မီးတွေပိတ် သူလာမှ အားလုံး ပြိုင်တူ အော်ကြမယ် ခု မြန်မြန်ပိတ်ကြ "
စကားသံ အဆုံးမှာ ဧည့်ခန်းကြီး တစ်ခုလုံး မှောင်ကျသွားကာ အားလုံး တိတ်ဆိတ်သွားကြသလို
သူ ပြန်ရောက်လာပြီဆိုတဲ့ ခံစားချက်က စိတ်ကို ကြည်နူးသွားစေသည်
ရှစ်နှစ်ကျော် မင်းအတွက် တည်ရှိလာတဲ့ငါ့နှလုံးသားကို မင်းလက်ခံပေးဖို့ အဆင်သင့်ပဲမလား
အိမ်တံခါးမကြီး နောက်တစ်ခါ ပွင့်လာသော အသံကြားတာနဲ့ မီးတွေအကုန်ပြန်ပွင့်သွားကာ
" welcome home, Kim Taehyung !!! "
ရှေ့တည့်တည့်မှာ ရောက်နေတဲ့ ကောင်လေးက ?
ရွှေအိုရောင် ဆံနွယ်လေးတွေနဲ့ ကမ္ဘာမှာ ကြည့်အကောင်းဆုံး ကောင်လေး
အချစ်ဆုံး သူငယ်ချင်း Kim Taehyung" ကျွန်တော့်အတွက် welcome partyလုပ်ပေးတာလား ကျေးဇူးတင်ပါတယ် အားလုံး "
တအံ့တဩဖြစ်နေတဲ့ ထိုကောင်လေးရဲ့ မျက်နှာလေးက သိပ်ကို ဖြူစင်နေလွန်းသည်
" ကျွန်တော်လည်း အားလုံးအတွက် surprise ရှိပါတယ် "
Surpriseတဲ့လား ဘာများလဲ
ထိုအချိန် Jiminရဲ့ဘေးကိုရောက်လာတဲ့ Hoseok က Jiminနားကို ကပ်ကာ လေသံခပ်တိုးတိုးဖြင့်" မင်း ဖွင့်ပြောမှာဆို? Jimin... သွားပြောလေ... အခု မင်းပုံစံကို မြင်ရင် သူ တအားကြွေဆင်းသွားမှာ "
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...