Unicode
Taehyungရဲ့ မင်္ဂလာဆောင်အတွက် ဒီဇိုင်းဆွဲပေးနေရင်း အကြောဆန့်လိုက်ကာ တိုင်ကပ်နာရီကို ကြည့်လိုက်တော့ နေ့လယ် ဆယ့်နှစ်နာရီခွဲတောင်ရှိနေပြီဖြစ်သည်
" အချိန်က ဒီလောက်တောင်ရှိနေပြီလား "
ဖုန်းကို ဖွင့်လိုက်ကာ ' ကောင်ဆိုးလေး ' ဆိုပြီး မှတ်သားထားတဲ့ ဖုန်းနံပါတ်ကို တွန့်ဆုတ်ခြင်းမရှိ ဆက်သွယ်လိုက်သည်
တူ---- တူ---- တူ----
/ ပြော Jimin ssi.. /
ဖုန်းထဲကနေ တစ်ဖက်ကောင်လေးရဲ့အသံကို ကြားတာနဲ့ အလိုအလျောက် Jiminရဲ့နှုတ်ခမ်းဖူးဖူးလေးက ရှေ့ကို အနည်းငယ်စူလာသည်
" ခု နေ့လယ်ရောက်နေပြီလေ "
/ ..... အင်း? အဲဒီတော့ ငါ ဘာလုပ်ပေးရမှာလဲ /
အလိုက်မသိလိုက်တဲ့ ကောင်...
" ငါ နေ့လယ်စာ မစားရသေးဘူး "
/ စားလေ /
" ............ "
/ ဘာဖြစ်တာ? မကြားရတော့ဘူးလား ဟယ်လို? /
" ညနေ လာမကြိုနဲ့တော့ ငါ့ဘာသာ ပြန်မယ် အဲဒါဖုန်းဆက်ပြောတာ ဒါပဲ! "
ဖုန်းကို ဆောင့်အောင့်ကာ ပိတ်လိုက်ပြီး စားပွဲပေါ် ဖြစ်သလို ပစ်တင်လိုက်လေသည်
ကိုယ့်ဘာသာ စိတ်ကောက်ပြီး ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးနေလိုက်ရင်း
ငါက ဒီအရွယ်ရောက်မှ စိတ်ကောက်နေရသလား ကိုယ့်ထက်ငယ်တဲ့သူကိုလေ...
အတွေးများနဲ့ လက်ပိုက်ကာ အပြင်ဘက်က ရှုခင်းကို ငေးငိုင်ကြည့်နေတုန်း
တံခါးမကြီး ဖွင့်သံကြားလိုက်ရတာကြောင့်
" အတွင်းရေးမှူးLee နေ့လယ်စာ သွားစားလိုက်ပါ... ကျွန်တော် ခဏနေမှ သွားစားမှာမလို့ "
တံခါးမကြီးကို ကျောပေးထားတာ ပြောလိုက်ပေမယ့် အတွင်းရေးမှူးLeeဆီက တုန့်ပြန်သံ မကြားရပေ...
မိမိဆီကို ချဉ်းကပ်လာတဲ့ခြေသံများကို ကြားအပြီးမှာ ခါးတစ်ဝိုက်ပေါ် ရောက်ရှိလာတဲ့ လက်တစ်စုံ
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...