Unicode
" Tae ငါ နောက်ရက်မှ မင်းကို ဖုန်းဆက်လိုက်မယ် ... ငါ အလုပ်လည်း မပြီးသေးတော့ အပြင်ဘက်ထိ နေ့လယ်စာ စားဖို့ လိုက်နိုင်မယ် မထင်ဘူး "
" Jiminie~~ ငါ မင်း ရုံးခန်းထိ လာရတာကိုကွာ... ခုထိကို စကားသေချာ မပြောရသေးဘူးလေ မင်းနဲ့ငါ "
ရှစ်နှစ်တာ မိမိအချစ်တွေ အကုန် ပုံအပ်ခဲ့ရတဲ့ လူသားက အခြားတစ်ယောက်ကို ချစ်နေတယ်ဆိုတဲ့အချက်က ငါ့အတွက် လွယ်ကူနေမယ်ထင်လား Tae ...
ပြီးတော့ မင်းရဲ့ သတို့သားက ငါမဟုတ်ဘဲ အခြား သတို့သမီးနဲ့ မင်းရဲ့ မင်္ဂလာပွဲအတွက်ကို ငါ ကိုယ်တိုင် ဒီဇိုင်းဆွဲပေးရမှာ!?
ဖြည်းဖြည်းချင်းပဲ ညှင်းသတ်ပါ့လား ငါ့ကို
အနည်းဆုံးတော့ မင်း ငါ့အပေါ်ကို ခံစားချက် နည်းနည်းလေးပဲဖြစ်ဖြစ် ရှိခဲ့မယ်လို့ ငါမျှော်လင့်ခဲ့မိတာလေ Tae...
" နောက်ရက်- အင်းးး နောက်ရက် ငါ ဖုန်းဆက်လိုက်မယ် Tae "
Jiminရဲ့အဖြေကို စောင့်ဆိုင်းနေရာမှ လိုချင်တဲ့အဖြေမဟုတ်တာမို့ Taehyung တစ်ဖက်ကို လှည့်သွားရင်း
" အင်းပါ အဲဒါဆိုလည်း... မင်းအားမှသာ ငါ့ဆီဖုန်းဆက်လိုက်ပေါ့ ဒါဆို ငါသွားပြီ Jimin "
Soyeonရဲ့ လက်ကို ဆွဲကာ ရုံးခန်းတံခါးကို မကျေနပ်စွာ ဆောင့်ပိတ်သွားသည်
" ဟေး Jimin.... မင်းသူငယ်ချင်းက တော်တော်မျက်နှာပြောင်တဲ့ကောင်ပဲ... စေ့စပ်မယ့်လူကို ခေါ်လာရုံတင်မဟုတ်ဘဲ မင်းကို သူတို့ရဲ့ မင်္ဂလာခန်းမ ဒီဇိုင်းဆွဲခိုင်းတယ် ဟုတ်လား ဘယ်လိုတောင် မသိတတ်တဲ့ကောင်လဲ "
ဆောင့်ပိတ်ခံရတဲ့ တံခါးကို ခါးထောက်ကာ ကြည့်ရင်း မကျေမနပ် Hoseokပြောလိုက်သည်
Jiminဆီက ဘာတုန့်ပြန်သံမှ မကြားရတာမို့
လှည့်ကြည့်လိုက်တော့" Jimin? ငိုနေတာလား "
လေဟာနယ်ကို ဦးတည်ရာမဲ့ စိုက်ကြည့်နေတဲ့ Jiminရဲ့ မျက်ဝန်းထက်က မျက်ရည်များက အတားအဆီးမရှိ စီးကျလာသည်
" ဘာလို့ ငိုနေတာလဲကွာ Jiminရာ "
Jiminဆီကို သွားကာ Hoseok ဆွဲဖက်လိုက်သည် သူ့သူငယ်ချင်းခံစားနေရတာကို သူ တကယ် သဘောမကျပါ
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...