Unicode
ညပိုင်း အိပ်မပျော်တာနဲ့ လမ်းလျှောက်ထွက်လာခဲ့သည်
ဦးတည်ရာမဲ့ လမ်းလျှောက်လာခဲ့ပြီး ၂၄နာရီ စတိုးဆိုင်ကနေ ဘီယာနဲ့ ခေါက်ဆွဲပြုတ် ထိုင်စားဖို့ပြင်လိုက်သည်ဒီလိုပါပဲ စင်ဂယ် ဘဝရောက်ရင် ဘာလုပ်လုပ် အမြဲ တစ်ကိုယ်တည်း
မိန်းကလေးတွေနဲ့ တွဲရတာလည်း ကြာတော့ စိတ်ကုန်လာသည် လူတစ်ယောက်ကိုတောင် မချစ်ချင်တော့လောက်အောင် ငြီးငွေ့လာသည်
တွဲလာခဲ့သမျှ တစ်ယောက် တစ်မျိုးကိုယ်ကသာ အချစ်တွေပုံအပ်ပေးရသည်
သူတို့က ပေါ့ပျက်ပျက်ကိုယ်ကသာ ရင်ဘတ်ကြီးနဲ့ ရင်းပြီး အစစအရာရာ ဂရုစိုက်ပေးခဲ့သည်
သူတို့က အလေးမထားကြဒါနဲ့ပဲ စိတ်ကုန်လာပြီး တစ်ကိုယ်တည်း နေတော့မှ ပြန်လာချင်ပါတယ်တို့ ချစ်နေသေးပါတယ်တို့ တော်စမ်းပါ
Jung Hoseokကိုများ အပေါစားများမှတ်နေလားငါက ကြေးကြီးတယ်ကွ
ခေါက်ဆွဲပြုတ်ကို တစ်ကိုယ်တည်း စားပြီး ဖင်ကပ်ကျန်နေသေးတဲ့ ဘီယာဘူးကို ဆွဲကိုင်ကာ အိမ်ပြန်ဖို့ ဦးတည်လိုက်သည်
ဒီနေ့ကျမှပဲ ကမ္ဘာကြီးက ပိုလည်နေသလိုပဲ
ခြေထောက်တွေတောင် မခိုင်တော့ဘူး" ဒယိမ်းဒယိုင်နဲ့ ဘယ်လိုဖြစ်နေတာလဲ "
လက်မောင်းတစ်ဖက်ကို နောက်ကနေ ဆွဲဖမ်းလာတဲ့ လူတစ်ယောက်ကြောင့် စိတ်ရှုပ်စွာ လှည့်ကြည့်လိုက်သည်
ထိုနောက်ကလူက မိမိထက် အရပ်အနည်းငယ်ပိုမြင့်သည်
ဖြောင့်စင်းလှတဲ့ နှာတံရယ် ရှည်မျောမျော မျက်အိမ်လေးတွေရယ် အပြစ်အနာဆာ မရှိဘဲ လှပလွန်းတဲ့ ထိုလူရဲ့ မျက်နှာကိုမြင်လိုက်ရတော့ မကျေနပ်စွာ ထိုမျက်နှာပြင်ကို လက်ဝါးနဲ့ လှမ်းချလိုက်သည်ဖျန်း#
ရုတ်တရက် ပါးချခံလိုက်ရတာမို့ တစ်ဖက်လူက ကိုယ့်ပါးကိုယ် ကိုင်လိုက်ရင်း တအံ့တဩဖြင့် Hoseokကို လှမ်းကြည့်သည်
" ဘာလို့ ငါ့ကို ပါးချတာလဲ!! "
အရမ်းချောနေတာကို မနာလိုလို့ လို့ဖြေရမှာလား
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...