Unicode
ဧည့်ခန်းထဲတွင် သုံးယောက်သား တိတ်ဆိတ်စွာ ထိုင်နေကြလေသည်
တခဏအကြာမှ မျက်နှာချင်းဆိုင်က ဖခင်ဖြစ်သူက
" မင်း ပါရီသွားမယ်ဆိုတာက သေချာသွားပြီလား? "
" သားလေး တစ်ယောက်တည်း အဆင်ပြေပါ့မလား? အမေ စိတ်ပူတယ် "
" အခုက သွားဖို့ သေချာသွားပါပြီ၊ စိတ်ပူစရာမလိုပါဘူး အမေ... ဟိုရောက်ရင် အကုန်အဆင်ပြေသွားမှာ... အရေးကြီးတာက ရောက်သွားဖို့ပဲ "
" ကိုယ့်မိသားစုက ဒီမှာရှိနေတာကို အခြားနိုင်ငံကို သွားဖို့တွေးတဲ့ မင်းရဲ့အတွေးတွေကို ငါ လိုက်မမှီဘူး Kim Taehyung ... ဒီက ကုမ္ပဏီကို ငါက ဘာဆက်လုပ်ရတော့မှာလဲ "
" သားလေး ဆောက်လုပ်ရေးကို စိတ်ဝင်စားရင် Jungkookကို နေရာဖယ်ပေးဖို့ အမေရအောင် ပြောပေးမယ် သား... သူလိုလူက ဒီလိုနေရာကြီးကို ဘယ်လောက်ကြာကြာ ယူထားနိုင်မှာလဲ ဟုတ်တယ်မလား? "
အခုချိန်ထိ ကုမ္ပဏီကို လက်လျှော့ချင်ပုံမပေါ်သေးတဲ့ အဖေဖြစ်သူကို အမေဖြစ်သူကပါ သားအရင်းကို နှိမ်ပြီး မီးမွှေးနေသေးသည်
ဒါကြောင့် Taehyungလည်း အလိုမကျစွာ
" အခုလည်း ကုမ္ပဏီက သူ့နေရာနဲ့သူ ဖြစ်နေပြီပဲမလား... လက်လွှဲယူထားတာ မကြာသေးတဲ့ CEO Jeonရဲ့ကောင်းသတင်းတွေ ဘယ်လောက်ပျံ့နေလိုက်သလဲ? သူ့အတွက် အရင်ကတည်းက အဖေတို့ တစ်ခါတောင် တွေးပေးဖူးခဲ့လား? ကျွန်တော်နဲ့ Soyeonနဲ့ အဆင်မပြေတာကို သူရော အဖေတို့ရော ဘာမှမသိတာချင်းတူပေမယ့် သူက ကျွန်တော့်ဘက်ကနေ Soyeonကို ကူပြောပေးခဲ့သေးတာ! ဒါတောင် အခုအခြေကျနေတဲ့ သူ့နေရာကို အဖေက လုချင်နေသေးတာလား တော်လိုက်ပါတော့!! "
ထိုင်နေရာကနေ Taehyung မတ်တပ်ထရပ်လိုက်သည်
Mr Kimကတော့ ဘာမှ ဆက်မပြောတော့ပေ
အရင်လိုဆို ပြန်အော်ဟစ်နေမှာမှန်ပေမယ့် အခုတော့ မျက်လွှာကိုသာ ချထားလေသည်Jungkookရဲ့အမေဖြစ်သူကတော့ Taehyung မတ်တပ်ထရပ်လိုက်တာကိုပါ မျက်စိတဆုံးလိုက်ကြည့်ပြီး
STAI LEGGENDO
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...