Unicode
အိပ်ရာတစ်ခုပေါ်တွင်ဖြစ်သည်
အိပ်ရာထက်တွင် အိပ်မပျော်ဘဲ လှုပ်ယွနေပြီးမှ အလယ်မှာ ခေါင်းအုံးခံထားကာ တစ်ဖက်ကို လှည့်အိပ်နေတဲ့ ကျောပြင်သေးသေးလေးကို Jungkook မကျေနပ်စွာ စိုက်ကြည့်နေလေသည်
ထိုတစ်ဖက်လူက အသက်ရှူသံ ခပ်မှန်မှန်လေးဖြစ်သွားတာနဲ့ Jungkookက ကြားမှာ ခံထားတဲ့ ခေါင်းအုံးကို ဆွဲကိုင်ပြီး အခန်းထောင့်ကို လွှင့်ပစ်လိုက်သည်
ပြီးတာနဲ့ တဖက်လူကို ခါးတစ်ဝိုက်ကနေ အသာအယာ ဆွဲဖက်လိုက်ကာ ကိုယ်ချင်းနီးကပ်စေသည်" Jimin ssi~ "
" Jimin ssi? အိပ်ပျော်သွားပြီလား? "
နောက်ကနေ Jiminရဲ့လည်တိုင်လေးကို ခိုးနမ်းလိုက်လေသည်
Jiminရဲ့ ဆံနွယ်လေးများကိုလည်း လက်ချောင်းများနဲ့ ခပ်ဖွဖွထိုးဖွပြီး ဆော့ကစားရင်း သဘောကျနေလေသည်ထိုအချိန် Jiminက ကျောပေးထားရာမှ Jungkookနဲ့ မျက်နှာချင်းဆိုင်လှည့်လာသည်
လှည့်လာပြီး Jungkookရဲ့ ရင်ခွင်ထဲကိုဝင်ကာ သက်တောင့်သက်သာ ဖက်အိပ်လိုက်တော့ Jungkookရဲ့ လက်တစ်စုံဟာ ဘယ်ထားရမှန်းမသိဖြစ်နေကာ လေဟာနယ်ထဲတွင် ရပ်တန့်နေလေသည်
လှုပ်လိုက်ရင်လည်း Jimin နိုးသွားမှာစိုးတာမို့ သိသိသာသာ မလှုပ်ရှားရဲ
အသာအယာသာ Jiminရဲ့ ခါးလေးကို ဆွဲဖက်ကာ Jiminရဲ့ခေါင်းအောက်ကို မိမိရဲ့ လက်မောင်းချပေးလိုက်သည်
Jiminရဲ့ နဖူးသေးသေးလေးပေါ် နှုတ်ခမ်းတစ်စုံအပ်လိုက်ကာ အနမ်းလေး ဖြစ်တည်စေသည်
Hyung... ကျွန်တော်တော့ စိတ်လှုပ်ရှားလွန်းလို့ ဒီည အိပ်ပျော်မယ်မထင်ဘူးဗျာ
ထိုအချိန် ရုတ်တရက် Jungkookရဲ့ ဖုန်းက မြည်လာတာမို့ Jimin မနိုးလာစေရန် Jiminရဲ့ ခါးပေါ်တင်ထားတဲ့ လက်ကို ရုတ်ကာ ဖုန်းကို အမြန်လှမ်းကိုင်လိုက်ရသည်
" ဘာကိစ္စလဲ? "
လေသံခပ်တိုးတိုးလေးနဲ့ ပြောနေရာက ဖုန်းတစ်ဖက်က လူရဲ့ စကားအချို့ကြောင့် Jiminရဲ့ခေါင်းအောက်က လက်ကိုပါ ဖယ်လိုက်ရင်း အိပ်ရာပေါ် ထထိုင်လိုက်ရသည်
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...