Unicode
" Jiminie? "
ဒီဇိုင်းဆွဲရင်း မနေ့ညက အကြောင်း တွေးနေမိတုန်း တံခါးဝကနေ ခေါင်းပြူပြီး ခေါ်နေတဲ့ တစ်စုံတစ်ဦး တစ်နည်း သူငယ်ချင်း
တင်းကျပ်လာတဲ့ ရင်ဘတ် နဲ့ ဝဲတက်လာသော မျက်ရည်တွေ
ထိုမျက်ဝန်းထက်က မျက်ရည်များကို ချက်ချင်းကို ပြန်ထိန်းလိုက်ရပြီးမှ" Tae? ဘာလာလုပ်တာလဲ ဝင်ခဲ့လေ "
" အင်း Soyeonကို လာကြိုရင်းလေ... စောထွက်လာတာ မင်းကိုတွေ့ဖို့ "
အမြဲ အေးချမ်းတဲ့အပြုံးပိုင်ရှင် Taehyungက တစ်ဖက်လူထိုင်နေတဲ့ ထိုင်ခုံနားကို ချဉ်းကပ်လာသည်
" အလုပ်ရှုပ်နေတာလား "
ထိုင်ခုံပေါ် ထိုင်ကာ အလုပ်လုပ်နေတဲ့ ကောင်လေးကို နောက်ကနေ ခါးကိုင်းကာ Taehyung ဖက်တွယ်လိုက်သည်
အရင်ကတည်းက ချွဲတတ်တဲ့ ဒီလူက အမြဲ မျှော်လင့်ချက်တွေ ပေးနေခဲ့တာ
မိမိပခုံးထက် ရောက်နေတဲ့ လှပလွန်းနေတဲ့ လက်ချောင်းလေးများကို ထိတွေ့လိုက်ရင်း
" ကော်ဖီသောက်ဦးမလား မင်းအကြိုက် ချိုချိုလေး ဖျော်ခိုင်းလိုက်မယ်လေ "
" အင်းးးး- "
စဉ်းစားနေတဲ့ပုံနဲ့ သံရှည်ဆွဲနေပြီးမှ
" မင်းကိုယ်တိုင် ဖျော်ပေးမှာလား "
ပြောရင်းနဲ့ ပခုံးထက်ကို ရောက်နေတဲ့ လက်တစ်စုံက ပိုမိုတင်းကျပ်စွာ Jiminကို ဖက်လာသည်
" ငါ အလုပ်လုပ်နေတာလေ "
" မင်းဖျော်ပေးတာပဲ သောက်မှာ "
Taehyungရဲ့ ချစ်စရာကောင်းတဲ့အသံလေးကို တစ်ဖက်လူက ဘယ်လိုမှ မငြင်းဆန်နိုင်ပါ
လက်ထဲက ခဲတံကို ဘေးကို ချလိုက်ပြီးမှ" ဒါဆို ခဏထိုင်ဦး ငါ သွားဖျော်လိုက်ဦးမယ် "
" ငါလည်း လိုက်မယ်လေ "
" ဒီအခန်းရဲ့ အပြင်လေးမှာတင်လေ "
" ဘာနေနေ... လိုက်မှာ မင်းနဲ့မခွဲနိုင်ဘူး "
" .............. "
အခန်းအပြင်ထွက်ဖို့ပြင်နေတုန်း ရွှံ့နောက်နောက်နဲ့ ပြောနေတဲ့ Taehyungကို Jimin တစ်ချက်လှည့်ကြည့်လိုက်ပြီး
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...