Unicode
အလုပ်ကို လက်စသတ်ပြီး ကုမ္ပဏီကနေ ထွက်လာခဲ့တော့ တစ်စုံတစ်ခုက လစ်ဟာနေသလိုပင်
ငါက အခု ဟိုကောင်လေးကို မျှော်နေတာလား
ဟိုနေ့မနက်က ကုမ္ပဏီကို လိုက်ပို့ပြီးကတည်းက မတွေ့တော့တာ နှစ်ရက်ရှိပြီဖြစ်သည်
တကူးတကကြီး မတွေ့ရတဲ့ရက်ကို မှတ်ထားသည်တော့ မဟုတ်
တနေရာမဟုတ် တနေရာကနေ ပေါ်ပေါ်လာတတ်တဲ့ကောင်လေးက အနီးနားမှာ ရှိမနေတော့ တစ်ခုခုကြီးတော့ လိုနေသားနေမကောင်းလို့များလား
နောက်ဆုံးတွေ့ခဲ့တဲ့အချိန်တုန်းက မျက်နှာမကောင်းတာတော့အမှန်
စိတ်ဆိုးနေတုန်းလား ငါဘာအမှားလုပ်မိပြန်လို့လဲ
မဖြစ်နိုင်ပါဘူး အဲကောင်လေးက တော်ရုံ စိတ်ဆိုးတတ်တဲ့လူမျိုးမှမဟုတ်တာကုမ္ပဏီကနေ ထွက်လာပြီး ဘတ်စ်ကား မှတ်တိုင်ကို လမ်းလျှောက်လာတဲ့လမ်းမှာ ဘေးဘီတစ်ဝိုက်ကို မျက်ဝန်းများက ကစားမိသော်လည်း မျှော်မှန်းထားတာကို မတွေ့ရပေ
နေမကောင်းနေတာဖြစ်မယ် ....
ဟိုနေ့ညက မိမိကို ဖုန်းခေါ်ထားတဲ့ ဖုန်းစိမ်းတစ်ခုကို ငေးကြည့်နေလိုက်သည်
အဲကောင်လေးက မိမိဖုန်းနံပါတ်ကို ဘယ်လိုသိတာလဲ တစ်ခါမှလည်း သူ့ကို ဖုန်းနံပါတ် မပြောပြမိဖူးပါချေထိုနေ့ညက ဆက်ထားတဲ့ ထိုဖုန်းနံပါတ်ကို ငေးကြည့်လာရာကနေ နောက်ဆုံးတော့ အစိမ်းရောင်ခလုတ်လေးကို နှိပ်လိုက်သည်
ပထမတစ်ခါ ဖုန်းမကိုင်တာကြောင့် ဒုတိယတစ်ခါ ထပ်ခေါ်ဖို့ ကြိုးစားလိုက်သည်
'တူ..' ကနဲ သုံးကြိမ်မြည်အပြီးမှာ....
/ Jimin /
ပြတ်သားလှသော အသံဟာ တဖန် အေးစက်နေပြန်သည်
" Jungkook? "
တစ်ခါမှ ကိုယ့်ဘက်က စပြီး ဆက်သွယ်ဖူးတာမရှိတာဖို့ အနည်းငယ်တော့ ကသိကအောက်ဖြစ်နေသည်
/ အင်း /
" နေကောင်းရဲ့လား "
ကသိကအောက်အခြေအနေက အမှုသည်ကို စစ်ဆေးမေးမြန်းနေပုံနဲ့ မထူးမခြားနား
YOU ARE READING
Love me, don't Flirt
Fanfictionဘဝမှာ အကြီးမားဆုံးအမှားက ကိုယ့်ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ ဘဝမွာ အႀကီးမားဆုံးအမွားက ကိုယ့္ကို ဒီနေရာမှာတင် ရပ်စောင့်နေတဲ့လူဆီကနေ အဝေးကို ပြေးထွက်သွားခဲ့မိတာပဲ / KOOKMIN / / VOPE / #1 VOPE #3 vmin #1 koo...