No one can touch you

5K 576 38
                                    

Unicode

ဆိုင်ကယ်ပြိုင်ပွဲ လမ်းကြောင်းအတိုင်း Jungkookက ပိုင်နိုင်စွာနဲ့ ဂငယ်ကွေ့ ကွေ့ချလိုက်တော့ နောက်က Erikaဆိုတဲ့ မိန်းကလေးရဲ့ လက်တစ်စုံက ရှေ့က မောင်းနေသူရဲ့ ဂျိုင်းကြားကနေ တင်းမာနေတဲ့ ကြွက်သားများပြည့်နေတဲ့ ရင်အုပ်ထက်ကို ပိုမို တင်းကျပ်စွာ ဖက်တွယ်လာသည်

" ကုန်ပါပြီကွာ "

တစ်ဖက်က ဧည့်သည်အနေနဲ့ ပါလာတဲ့ကောင်လေးရဲ့ ညည်းညူသံကြားလိုက်တာမို့ Yugyeomက ထိုကောင်လေးဘက်ကို လှည့်ကြည့်ရင်း

" Jungkookက ပိုင်တယ်မလား သူ ဆိုင်ကယ်စကျင့်ကတည်းက ဒီလို ဂငယ်ကွေ့တွေကို တအားကျွမ်းတာ "

" အင်းး "

" ဒါက ဘယ်သူလေးလဲ အသစ်ထင်တယ် ဟုတ်လား "

ပရိတ်သတ်များကြားကနေ အနီးနားကို ရောက်လာတဲ့ တစ်စုံတစ်ယောက်က Jiminကို ကြည့်ရင်း လှမ်းမေးလေသည်

" ဟေ့ကောင် Namhyuk... လာနောက်မနေနဲ့ သူက Jungkookခေါ်လာတာ ပြဿနာတက်သွားမယ်နော် "

Yugyeomစကားကြောင့် အပြောခံလိုက်ရတဲ့လူက အနည်းငယ်ကြောင်အမ်းသွားပြီးမှ

" ဟုတ်လို့လား သူက ဘယ်တုန်းက ဧည့်သည်ပါလာဖူးလို့လဲ မင်းက ဘယ်သူလဲ Jungkookနဲ့က ဘာတွေလဲ "

Jiminရဲ့ခါးတစ်ဝိုက်ကို လှမ်းဆွဲကာ နီးကပ်စေရင်း ထိုလူက စနောက်သလိုဖြင့် မေးလာသည်

နီးကပ်လာသော ထိုNamhyukဆိုသောလူရဲ့ ရင်ဘတ်ကို Jimin တွန်းထုတ်လိုက်ရင်း

" ခုမှ စတွေ့တဲ့လူကို ဒီလို နှုတ်ဆက်တာက ကောင်းတဲ့ အပြုအမူတော့ မဟုတ်ဘူးထင်တယ် "

အတွန်းခံလိုက်ရတာမို့ Namhyuk အစက ကြောင်သွားပေမယ့် နှုတ်ခမ်းထက်မှာ အပြုံး တစ်ခု ပေါ်ပေါက်လာသည်

" စိတ်ဝင်စားစရာပဲ.... Jungkookလိုကောင် သဘောကျတဲ့လူက မင်းလိုကောင်လေးတဲ့လား မထင်ထားဘူး "

ဘယ်သူက သဘောကျတာ?

Jiminဘာမှ မတုန့်ပြန်လိုက်ရသေးခင်မှာ ပရိတ်သတ်လူအုပ်ကြီးက ဆူညံသွားလေသည်

ထိုစဉ် မိုက်စမ်းသံနဲ့ အတူ

" ဟုတ်ကဲ့ခင်ဗျ... မျှော်မှန်းထားခဲ့သလိုပဲ ပြိုင်ပွဲဝင် Jungkookဟာ လှပစွာ စတန့်ပြသွားခဲ့ပြီး အရင်ဆုံး ပန်းဝင်သွားတာမို့ အနိုင်ရရှိသွားသူက Jeon Jungkookပဲဖြစ်ပါတယ်!! "

Love me, don't FlirtWhere stories live. Discover now