(Zawgyi)
ထယ်ယောင်းရဲ့တောင်းဆိုမှုကြောင့် ဆော့ဂျင်ရဲ့စားသောက်ဆိုင်မှာပဲ ထယ်ယောင်းနဲ့ဟိုဆော့ကို သေချာမိတ်ဆက်ပေးဖြစ်တယ်...။ ထယ်ယောင်းက ရုပ်တည်ကြီးနဲ့ စိုက်ကြည့်နေတာကြောင့် ဟိုဆော့ခမျာ နေရခက်နေလေရဲ့...။
"ယောင်းငယ်လေး... ဒါက ကိုကြီးရဲ့ချစ်သူဟိုဆော့လေ... နောက်ဆို အမျိုးတွေဖြစ်လာမှာမို့လို့ ခုကတည်းက ရင်းနှီးစေချင်တယ်"
ဆော့ဂျင်ရဲ့စကားအဆုံးမှာ ဟိုဆော့က ထယ်ယောင်းကို ပြုံးပြလိုက်ပေမဲ့ ထယ်ယောင်းကတော့ ခပ်တည်တည်နဲ့ကြည့်နေဆဲပင်...။ အကြောင်းမသိသူတွေအတွက်တော့ ထယ်ယောင်းရဲ့ပုံစံက လန့်စရာဖြစ်နေပေမဲ့ ဆော့ဂျင်ကတော့ သူတမင်အဲ့လိုလုပ်နေမှန်း သိနေတယ်လေ...။ ဂျီမင်း အိမ်ကိုစရောက်တုန်းကလည်း ခုလိုပဲလုပ်ခဲ့တာမလား...။
"ငါတို့ သူငယ်ချင်းလုပ်ကြမယ်နော် ထယ်ယောင်း"
"ဘယ်သူက မင်းနဲ့ သူငယ်ချင်းဖြစ်ချင်လို့လဲ...??"
ထယ်ယောင်းခပ်တည်တည်နဲ့ပိတ်ဟောက်တော့ ဟိုဆော့ခမျာ ဆော့ဂျင်ကို အားကိုးတကြီးနဲ့မော့ကြည့်ရှာတယ်...။ ဆော့ဂျင်ကတော့ ရယ်ချင်စိတ်ကိုထိန်းရင်း တစ်ဖက်သို့မျက်နှာလွှဲနေလေရဲ့...။
"ဘာလို့လဲ... ငါ့ကိုသဘောမကျလို့လားဟင်...??"
"ငါသဘောကျစရာလိုလို့လား...?? ကိုကြီးသဘောကျရင် ပြီးရောမလား...??"
"ဒါပေမဲ့ မင်းက သူငယ်ချင်းမဖြစ်ချင်ဘူးဆိုတော့...."
အဆုံးသတ်မှာတိမ်ဝင်သွားတဲ့ ဟိုဆော့ရဲ့အသံလေးကြောင့် ထယ်ယောင်းလှစ်ခနဲပြုံးလိုက်တယ်...။ ဆော့ဂျင်ကတော့ သူ့ချစ်သူလေး တအားလန့်သွားပြီမို့ သူဝင်ပါမှရတော့မယ်ဆိုတဲ့အတွေးနဲ့ ထယ်ယောင်းကိုလှမ်းကြည့်လိုက်တယ်...။ ဒါပေမဲ့ သူ့ကိုမျက်စိအသာမှိတ်ပြတဲ့ ထယ်ယောင်းကြောင့် ဆော့ဂျင်တစ်ချက်ငြိမ်သွားပြန်တယ်...။ ဘေးက ဟိုဆော့ကတော့ လက်ဖဝါး၂ဖက်ကို အချင်းချင်းပွတ်သတ်ရင်း ခေါင်းလေးကိုငုံ့ထားတာကြောင့် သူတို့ညီအကိုရဲ့အခြေအနေကို မသိလိုက်ပေ...။
"ဘာလို့သူငယ်ချင်းလုပ်မှာလဲ... ယောက်ဖလို့ခေါ်ရမှာမဟုတ်ဘူးလား...?? ဘာလို့လဲ... ငါနဲ့အမျိုးမတော်ချင်လို့လား...??"
YOU ARE READING
Chemistry Between Us (Completed)
FanfictionThe hardest thing to do is watch the one you love, love someone else. Yoongi x Jimin Jungkook x Taehyung