Part - 21

2.9K 349 14
                                    

(Zawgyi)

"နေရောကောင်းရဲ့လား ကလေး... မျက်နှာလည်းသိပ်မကောင်းပါလား"

ကိုယ့်ကိုစိုးရိမ်တကြီးနဲ့မေးလာတဲ့ ယွန်းဂီကြောင့် ဂျီမင်းစိတ်ထဲ ငိုချင်လာမိတယ်...။ သူ့ရဲ့အချစ်တွေ မေတ္တာတွေကိုခံစားနေရပေမဲ့ ကိုယ်လက်ခံလိုက်လို့ ဘယ်ဖြစ်မလဲ...။ တစ်ဖက်မှာက ကိုယ့်ညီထယ်ယောင်းရှိသေးတယ်လေ...။

"နေကောင်းပါတယ်..."

"မနေ့က အလုပ်မလာလို့ ကိုယ်စိတ်ပူသွားတာပဲ... ဖုန်းဆက်တော့လည်း မကိုင်ဘူးလေ... အဲဒါနဲ့ ယောင်းငယ်လေးကို ဖုန်းဆက်မေးကြည့်တော့မှ အိမ်မှာရှိနေတယ်ဆိုလို့ စိတ်အေးသွားရတာ"

ကိုယ့်အတွက် အဲ့လောက်တောင်စိတ်ပူတာပဲလား...။ အရင်က အေးတိအေးစက်လို့ထင်ရတဲ့ ယွန်းဂီက အခုကျတော့ ဂျီမင်းမျက်နှာကိုတကြည့်ကြည့်နဲ့ စကားတွေအများကြီးပြောနေခဲ့တယ်...။ ဒါတွေကြောင့်လည်း လက်လွှတ်ဖို့ခက်ခဲနေတာပေါ့...။

"ကိုယ့်ကိုပြောစရာရှိတယ်ဆို... ဘာပြောမလို့လဲ...??"

ယွန်းဂီအစဖော်ပေးလိုက်တော့မှ ဂျီမင်းလည်း မဖြစ်မနေပြောရမဲ့ကိစ္စကို အမှတ်ရသွားတော့တယ်...။ တွေဝေနေလို့မဖြစ်သေးပါဘူးလေ...။ ခံစားရလည်းခဏပေါ့...။ ဒါက အားလုံးကောင်းဖို့အတွက်ပဲဟာ...။

"ကိုကိုယွန်းဂီတောင်းထားတဲ့အဖြေကို ပေးချင်လို့ပါ"

"တကယ်လား...?? အဲ့အဖြေကို ကိုယ်ဘယ်လောက်တောင် မျှော်နေရလဲ ကလေးသိလား...??"

ယွန်းဂီရဲ့ ဝမ်းသာပျော်ရွှင်နေတဲ့မျက်နှာကို ဂျီမင်း ရင်နာစွာနဲ့ကြည့်နေမိတယ်...။ သူမျှော်လင့်ထားတဲ့ အဖြေမဟုတ်တာကိုသိရင် သူစိတ်မကောင်းဖြစ်သွားမှာပဲ...။

"တောင်းပန်ပါတယ်... ကျွန်တော် ကိုကိုယွန်းဂီကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားနိုင်တယ်... ချစ်သူတစ်ယောက်လိုတော့ မဖြစ်နိုင်ဘူး"

"ဘယ်လို...?? အခု.. ကလေးက ကိုယ့်ကိုငြင်းလိုက်တာလား...??"

ဂျီမင်း သူ့မျက်နှာကိုမော့မကြည့်ရဲဘဲ ခေါင်းကိုသာညိတ်ပြလိုက်တယ်...။ သူစိတ်ပျက်ကြေကွဲသွားမဲ့ပုံကို မမြင်ရက်ဘူးလေ...။ သူ့လိုပဲ ဂျီမင်းကိုယ်တိုင်လည်း အသည်းနှလုံးတွေ တစစီကြေကွဲသွားသလို ခံစားနေရတယ်...။

Chemistry Between Us (Completed) Where stories live. Discover now