Part - 10

3.2K 385 27
                                    

(Zawgyi)

ဒီနေ့တော့ ထူးထူးခြားခြားအတန်းတက်နေတဲ့ ဂျောင်ကုကြောင့် ဂျီမင်းစိတ်အေးသွားရတယ်...။ ဒီရက်ပိုင်း အတန်းပုံမှန်မတက်ဘဲ အလေလိုက်နေတဲ့ဂျောင်ကုကို ဘာကြောင့်လဲလို့မေးလိုက်ချင်ပေမယ့် စိတ်ကွက်သွားမှာလည်း စိုးရိမ်မိပြန်တယ်...။

တကယ်ဆို သူငယ်ချင်းတစ်ယောက်အနေနဲ့ မေးလိုက်လို့ရပေမယ့်လည်း ကိုယ့်ကြောင့် သူစိတ်ခုသွားမလားဆိုတဲ့ အတွေးဆိုးကြီးကြောင့် ခက်နေခြင်းပင်...။ ဘာရယ်မဟုတ်တဲ့ကိစ္စလေးနဲ့ ရှားရှားပါးပါးရထားတဲ့ သူငယ်ချင်းလေးကို ဆုံးရှုံးမခံချင်ဘူးလေ...။

အခုလည်း စာသင်နေရင်းနဲ့ ဘေးခုံကဂျောင်ကုကို ခိုးခိုးကြည့်နေရတာကြောင့် စာတွေကိုပင် သေချာလိုက်မမှတ်နိုင်တော့ပေ...။ ဂျောင်ကုကတော့ ခုံမှာမေးထောက်ကာ ဆရာသင်နေတာကိုကြည့်နေပေမယ့်လည်း စိတ်တွေကပျံ့လွင့်နေပုံပါပဲ...။ ဂျီမင်းကြည့်နေတုန်းမှာပင် ဂျောင်ကုက သူ့ဘက်ကိုဖျတ်ခနဲလှည့်ကြည့်လာတာကြောင့် ကပျာကယာအကြည့်လွှဲမိတယ်...။

"ဂျီမင်းနီ.. ဒီနေ့ငါလည်း မင်းနဲ့အတူတူ ကန်တင်းကိုလိုက်ခဲ့မယ်နော်"

ခပ်တိုးတိုးလှမ်းပြောတဲ့ဂျောင်ကုကြောင့် ဂျီမင်းလည်း ခေါင်းကိုအမြန်ညိတ်ပြလိုက်တယ်...။ သူ့ဘက်ကိုလည်း မဝံ့မရဲနဲ့ပြန်ကြည့်မိတော့ သူက နှစ်လိုဖွယ်ရာပြုံးပြနေပြန်တယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ရက်တော့ သူကိုယ့်ဘေးမှာရှိနေတာကြောင့် ကျေနပ်သွားတာအမှန်ပင်...။

ဒီလိုနဲ့ နေ့လည်စာစားချိန်ရောက်တော့ ဂျောင်ကုက သူ့စကားအတိုင်းပင် ဂျီမင်းနဲ့အတူတူ ကန်တင်းကိုလိုက်လာခဲ့တယ်...။ ထိုင်နေကျဆိုင်ကိုရောက်တော့ ကြိုရောက်နှင့်နေတဲ့ ဟိုဆော့ကိုတွေ့လိုက်ရတယ်...။

"ဒီနေ့တော့ ဂျောင်ကုပါ အတူပါလာတာပဲ"

ဟိုဆော့ရဲ့အပြောကို ဂျောင်ကုက အပြုံးလေးနဲ့သာတုန့်ပြန်ရင်း ထုံးစံအတိုင်းပင် ဂျီမင်းနဲ့သူစားဖို့အတွက် သွားမှာနေတော့တယ်...။ ဂျီမင်းရဲ့မျက်နှာကလည်း ပြုံးတုံ့တုံ့ဖြစ်နေတာမို့ ဟိုဆော့က အထာပေါက်သွားဟန်နဲ့ လှမ်းစတယ်...။

Chemistry Between Us (Completed) Where stories live. Discover now