Part - 25

3.4K 365 42
                                    

(Zawgyi)

အပြင်က တံခါးခေါက်သံသဲ့သဲ့ကြောင့် အိပ်ယာပေါ်မှာခပ်လျောလျောမှီထိုင်နေတဲ့ ဂျီမင်းလည်း ဝင်လာခဲ့ဖို့ပဲ လေသံခပ်ပျော့ပျော့နဲ့ ပြန်ပြောလိုက်တယ်...။ လူကတော့ တကိုယ်လုံးကိုင်ရိုက်ထားသလို လှုပ်တောင်မလှုပ်နိုင်...။ ဟိုတနေ့က မိုးရေထဲမှာအချိန်ဖြုန်းမိတဲ့ အကျိုးဆက်တွေပေါ့...။

"သက်သာရဲ့လား ဂျီမင်း...??"

အပြုံးလေးနဲ့မေးလာရင်း နဖူးကိုပါလာစမ်းတဲ့ ထယ်ယောင်းကြောင့် ဂျီမင်းခေါင်းကိုသာညိတ်ပြလိုက်တယ်...။ တကယ်တမ်းလည်း အဖျားတော့ကျသွားပါပြီ...။ ကိုယ်တွေလက်တွေ နာကျင်ကိုက်ခဲနေတာကလွဲလို့ပေါ့...။

"သက်သာတယ်သာပြောတာ မင်းကိုကြည့်ရတာ နုံးခွေနေတာပဲ... ဆရာဝန်ထပ်ခေါ်လိုက်မယ်လေ"

"မခေါ်ပါနဲ့... အဲ့နေ့ကပေးသွားတဲ့ ဆေးတွေတောင် မကုန်သေးဘူးလေ... ဆေးပတ်လည်သွားရင် သက်သာသွားမှာပါ"

ဂျီမင်းရဲ့အပြောကြောင့် ထယ်ယောင်းလည်း သက်ပြင်းဖွဖွချလိုက်တယ်...။ ဟိုဆော့ဖုန်းဆက်ပြီးပြောလာတာကြောင့် ယွန်းဂီပါရီကိုအပြီးသွားမဲ့ကိစ္စရော ထယ်ယောင်းက သူတို့အကြောင်းကိုသိနေတဲ့အကြောင်းကိုရော ဂျီမင်းသိပြီးနေပါပြီ...။

ထယ်ယောင်းနဲ့ကတော့ အခုမှသာ သေသေချာချာမျက်နှာချင်းဆိုင်ဖြစ်တော့ ထိုကိစ္စတွေနဲ့ပတ်သတ်ပြီး ဘာမှမပြောဖြစ်ကြသေး...။ အတွေးမှာနစ်မျောနေတဲ့ဂျီမင်း သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လာတဲ့ထယ်ယောင်းကြောင့် အသာလှမ်းမော့ကြည့်မိတယ်...။

"မင်း...အရမ်းဆိုးတယ် ဂျီမင်း"

ရုတ်တရတ်ကြီးပြောလာတဲ့ သူ့ရဲ့စကားကို ဂျီမင်းနားမလည်နိုင်ပါ...။ ကိုယ်လည်း သူနဲ့ပတ်သတ်ပြီး ဘာအပြစ်မှမလုပ်ထားဘဲနဲ့...။ အာ... ကြည့်ရတာ ယွန်းဂီနဲ့ကိစ္စကို မကျေနပ်တာများလား...??

"ငါတောင်းပန်ပါတယ် ထယ်ယောင်းရာ... ကိုကိုယွန်းဂီနဲ့ မပတ်သတ်ဘဲနေချင်ပေမဲ့လည်း... အင်း... အခုတော့ ငါ့စိတ်ကိုငါ ထိန်းချုပ်ထားပါတယ်... သူလည်း ပါရီကိုသွားတော့မှာမလား...??"

Chemistry Between Us (Completed) Where stories live. Discover now