(Zawgyi)
"မင်းတို့ပြောပုံအရဆို သူက တော်တော်ဆိုးဆိုးပေါ့"
"ဟုတ်တယ်ဂျောင်ကုရေ... ခုကတည်းက မပတ်သတ်ဘဲ ဝေးဝေးရှောင်နေတာ ပိုကောင်းလိမ့်မယ်... သူ့ကိုက အားလုံးလက်လန်ကြတာ"
ထိုစကားကြောင့် ဂျောင်ကုရဲ့အတွေးထဲမှာ သိပ်လှတဲ့ကောင်လေးရဲ့ စူပုတ်ပုတ်မျက်နှာလေးကို ပြန်မြင်ယောင်မိတယ်...။ လှသလောက်လည်း တယ်လည်းအဆိပ်ပြင်းသကိုး...။
"မင်းတို့ဘယ်လိုပဲပြောပြော ငါကတော့ သူ့ကိုစိတ်ဝင်စားသွားပြီ... သေချာပေါင်းကြည့်လိုက်ရင်တော့ ပြောသလောက်ဆိုးမယ့်ပုံမပေါ်ပါဘူး"
"ဂျောင်ကုရေ... သွားမလုပ်နဲ့နော်... ပေါင်းကြည့်ဖို့နေနေသာ သူ့အနားကပ်လို့ရရင်တောင်ကံကောင်း"
"ဒါဆို ငါကကံကောင်းတယ်... ဘာလို့လဲဆိုတော့ သူ့အနားကပ်နိုင်တဲ့အပြင် သူ့ကိုပါမိမိရရ ဆွဲဖက်နိုင်ခဲ့တာလေ"
ဂျောင်ကုရဲ့စကားကြောင့် သူတို့အားလုံးရဲ့မျက်နှာတွေ ရှုံ့မဲ့ကုန်ကြတယ်...။ ဒီလောက်လူပြောများတဲ့ကောင်လေးကို ဂျောင်ကုအရင်ကထက်ပိုပြီး စိတ်ဝင်စားမိတာတော့အမှန်ပင်...။ ဖြစ်ချင်တာကို မရရအောင်လုပ်တတ်တဲ့စိတ်ကြောင့် ထိုကောင်လေးနဲ့ပတ်သတ်ခွင့်ရဖို့ သူဆက်ကြိုးစားဦးမှာပဲ...။
"ငါတို့ကတော့ သတိပေးပြီးပြီနော်... ပြီးတော့မှ မင်းနောင်တရမှာစိုးလို့... ရေခဲမင်းသား ကင်မ်ထယ်ယောင်းဆိုရင် လူတိုင်းလန့်ကြတာကို"
"မင်းတို့စောင့်ကြည့်နေလိုက်ပါ... ငါက အဲဒီ့်ရေခဲတွေကို အရည်ဖျော်ပြမယ်"
လက်ဖျောက်တစ်ချက်တီးကာ ပြောလာတဲ့ဂျောင်ကုကို သူတို့အားလုံးက စာနာသနားသလိုကြည့်နေကြတယ်...။ ထားပါတော့လေ... အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့သက်သေပြရမှာပဲ...။
"ဟိုမှာ ဂျီမင်းရောက်လာပြီပဲ... တာ့တာ ဟေ့ကောင်တွေ"
"အင်း... Fighting နော် ငါ့ကောင်ကြီး"
ဂျောင်ကုလည်း ခေါင်းညိတ်ပြကာ လက်မထောင်ပြလိုက်ပြီး ဂျီမင်းဆီသို့ အပြေးလေးသွားလိုက်တယ်...။ ဂျီမင်းကတော့ ထုံးစံအတိုင်းပင် အပြုံးချိုချိုလေးတွေနဲ့ ဆီးကြိုနေခဲ့တယ်...။
YOU ARE READING
Chemistry Between Us (Completed)
FanfictionThe hardest thing to do is watch the one you love, love someone else. Yoongi x Jimin Jungkook x Taehyung