Part - 6

3.1K 378 43
                                    

(Zawgyi)

ဒီနေ့ ဆရာက စာအများကြီးသင်နေတာကြောင့် အတန်းလွှတ်ချိန်က ပုံမှန်ထက်နောက်ကျလို့နေတယ်...။ ဂျီမင်းကတော့ ဗိုက်ဆာလွန်းလို့သေတော့မလားတောင် သူ့ကိုယ်သူထင်မိတယ်...။

"ကဲ ဒီနေ့တော့ဒီလောက်ပါပဲ"

ထိုစကားကိုကြားရတာ Jimin အတွက်တော့ တော်တော်လေးမင်္ဂလာရှိပါတယ်...။ ဆရာအတန်းထဲက ထွက်မသွားသေးခင်မှာပင် သူ့ရဲ့စာအုပ်တွေကို အဆင်သင့်ကောက်သိမ်းပြီး ဖြစ်နေလေပြီ...။

"ဂျောင်ကု မြန်မြန်လုပ်... ငါအရမ်းဗိုက်ဆာနေပြီ"

"အော်... အေးပါ... ငါအခုသိမ်းနေပြီ"

ဂျောင်ကုသိမ်းပြီးတာနဲ့ သူ့လက်ကိုဆွဲကာ ကင်န်တင်းသို့ဦးဆောင်ကာ ထွက်လာခဲ့လိုက်ကြတယ်...။ နဂိုတည်းက ဗိုက်အဆာမခံနိုင်တာမို့ ခုလိုအချိန်အကြာကြီး အောင့်အီးထားရတာက ဂျီမင်းအတွက်ဆိုးရွားလွန်းလှသည်လေ...။

"ဂျီမင်း တော်တော်လေးဗိုက်ဆာနေတာပဲ... အရမ်းတွေ အလောတကြီးဖြစ်နေတယ်ဆိုတော့လေ"

"ဟုတ်တယ်... ဗိုက်ဆာတာမှ အူတွေပြတ်ထွက်မတတ်ပဲ"

ဂျောင်ကုကတော့ သူ့စကားကြောင့် ပြုံးရုံသာပြုံးနေတယ်...။ လူရှုပ်ရှုပ်ကြားမှာ ဂျောင်ကုရဲ့လက်တစ်ဖက်ကိုဆွဲကိုင်ပြီး သွားလာနေရတာက ပုံမှန်ဆိုရင် တွေးပြီးကြည်နူးမိမှာဖြစ်ပေမယ့် ခုကတော့ဗိုက်အရမ်းဆာနေတာကြောင့် ဘာမှမတွေးနိုင်...။ ဂျီမင်းရဲ့ဘဝမှာ အစားအသောက်ကသာ နံပါတ်တစ်လေ...။ အချစ်ရေးက နံပါတ်နှစ်မှာ...။

"ဆိုင်တွေက လူအကုန်ပြည့်နေပါလား... ဘယ်လိုလုပ်မလဲ"

ဂျောင်ကုက ခပ်တိုးတိုးရေရွတ်လိုက်ပေမယ့် ဂျီမင်းကတော့ ကမ္ဘာပျက်နေလေပြီ...။

"အား... စိတ်ညစ်လိုက်တာ.. ဗိုက်ဆာနေပါပြီဆို"

ဂျောင်ကုလည်း ဆိုင်ထဲကိုဝေ့ဝဲကြည့်လိုက်တော့ စားပွဲဝိုင်းတစ်ခုမှာ တစ်ယောက်တည်း စာဖတ်ရင်းနေ့လည်စာစားနေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် ဝမ်းသာသွားတယ်...။

"ဂျီမင်း.. လာခဲ့... ငါတို့ထိုင်ဖို့ခုံတွေ့ပြီ"

ဒီတစ်ခါတော့ ဂျောင်ကုကပဲရှေ့ကနေ ဦးဆောင်သွားလိုက်ပြီး ထိုစားပွဲရှေ့မှာမတ်တပ်ရပ်လိုက်တယ်...။ လူရိပ်ကြောင့် ကောင်လေးကလည်း ပါးစပ်မှာပလုတ်ပလောင်းဝါးနေရင်းကနေ မော့ကြည့်လာလေတယ်...။ ထိုအခါဂျောင်ကုလည်း ဆွဲဆောင်မှုရှိတဲ့အပြုံးလေးကိုပြုံးရင်း လှမ်းမေးလိုက်ရတော့တယ်...။

Chemistry Between Us (Completed) Where stories live. Discover now