Part - 7

3.2K 399 48
                                    

(Zawgyi)

အတန်းစောပြီးနေပါသော်လည်း လာကြိုမယ့် ကိုကြီးဆော့ဂျင်မရှိတာကြောင့် ထယ်ယောင်းတစ်ယောက် မျက်နှာပျက်နေလေပြီ...။ ပြီးတော့မှ ဖုန်းဆက်ဖို့ ဖုန်းကိုစစ်ကြည့်တော့မှ ကိုကြီးပို့ထားတဲ့စာကို တွေ့ရတော့တယ်...။

((ယောင်းငယ်လေး... ကိုကြီးက အစည်းအဝေးလုပ်စရာရှိလို့ ဒီနေ့ကျောင်းလာမကြိုနိုင်တော့ဘူး... အဲဒါ ဒရိုင်ဘာလီနဲ့ပဲ ပြန်လာခဲ့လိုက်နော်.. ကိုကြီးဖုန်းလှမ်းဆက်ပြီးပြီ))

"ဟာ ရုတ်တရတ်ကြီးကွာ... ဟိုအရှုပ်ထုတ်နဲ့ အတူတူမပြန်ချင်ပါဘူးဆိုနေမှ"

စိတ်တိုတိုနဲ့ ကိုကြီးရဲ့ဖုန်းကိုဆက်ကြည့်တော့ ကိုင်မယ့်သူမရှိပေ...။ ကြည့်ရတာ အစည်းအဝေးခန်းထဲရောက်နေလို့ ဖုန်းကိုအသံပိတ်ထားတယ်ထင်တယ်...။ ကိုကြီးရဲ့ဆိုင်မှာ တစ်လတစ်ခါလောက် အစည်းအဝေးလုပ်တတ်တာကို သိနေပေမယ့်လည်း ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာကို ထယ်ယောင်းသဘောမကျ...။

ဂျီမင်းနဲ့အတူတူပြန်ရမှာကိုတွေးမိတိုင်း ဟိုနေ့က ကိုကိုယွန်းဂီလုပ်သွားတာကို ပြန်မြင်ယောင်တာကြောင့် ဒေါသထွက်မိတယ်...။ ကိုကိုယွန်းဂီက ပြန်ချော့ပေမယ့်လည်း ထယ်ယောင်းစိတ်ဆိုးမပြေနိုင်ပါ...။ ကိုကိုယွန်းဂီကိုတော့မဟုတ်...။ ပက်ခ်ဂျီမင်းဆိုတဲ့ အရှုပ်ထုတ်ကောင်ကိုသာ...။

ကိုယ့်ဘာသာကိုယ် ကားငှားပြန်မယ်လို့တွေးလိုက်ပေမယ့်လည်း ကိုယ်ကတော့အငှားကားနဲ့ သူကတော့ ကိုယ်ပိုင်ကားနဲ့ အခန့်သားကြီးဖြစ်နေမှာကို မလိုလားတာကြောင့် စိတ်ကိုပြန်လျှော့ချလိုက်တယ်...။ ဘယ်တတ်နိုင်ပါ့မလဲ... တစ်ရက်တစ်လေပဲဟာ...။ ကားရဲ့တည်နေရာကိုသိရန် အရင်ဆုံး ဒရိုင်ဘာလီကို ဖုန်းဆက်လိုက်တယ်...။

"ဦးလေးလီ... အခုဘယ်နားမှာလဲ...??"

((ကျောင်းဝင်ပေါက်နားမှာ ယောင်းငယ်လေး))

"အင်း... ကျွန်တော်လာခဲ့လိုက်မယ်"

ကျောပိုးအိတ်လေးကို ပခုံးတစ်ဖက်တည်းမှာလွယ်လိုက်ပြီး ထယ်ယောင်းရဲ့ခြေလှမ်းတွေက ကျောင်းပေါက်ဝဆီကို ဦးတည်လိုက်တယ်...။ သိပ်မကြာခင်မှာပင် ကျောင်းပေါက်ဝနားက သစ်ပင်ရိပ်တစ်ခုအောက်မှာရပ်ထားတဲ့ အိမ်ကကားကိုတွေ့လိုက်ရတယ်...။ ဒရိုင်ဘာလီကလည်း ကားအပြင်ဘက်မှာ မတ်တပ်ရပ်နေတာကြောင့် အလွယ်တကူရှာတွေ့ခြင်းပင်...။

Chemistry Between Us (Completed) Where stories live. Discover now