Part - 9

3K 382 78
                                    

(Zawgyi)

ကျောင်းကန်တင်းမှာ ၂ယောက်တည်းစားသောက်နေရတဲ့ ဂျီမင်းနဲ့ဟိုဆော့...။ ဂျောင်ကုကတော့ ကိစ္စရှိလို့ဆိုပြီး ထွက်သွားပြန်ပြီလေ...။

"ဂျောင်ကုက ခုတလောခဏခဏထွက်သွားတယ်နော်... ငါတို့နဲ့လည်း ထမင်းအတူတူမစားတော့ဘူး"

"အင်း... တခါတလေ အတန်းချိန်ပါလွတ်တယ်... သူ့အတွက် roll call ကို ငါယူပေးရတာ"

ပြန်ဖြေနေတဲ့ဂျီမင်းကလည်း မျက်နှာသိပ်မကောင်းပေ...။ အရင်ကဆို ၂ယောက်အတူ တတွဲတွဲရှိပေမယ့် အခုကျတော့ဂျောင်ကုက သူ့ကို ဟိုဆော့နဲ့ပဲ ပစ်ထားတတ်နေပြီ...။ အစကတော့ ဟိုဆော့နဲ့အတန်းမတူတာကြောင့် ဟိုဆော့ရောက်လာချိန်အထိ စောင့်ပေးတတ်ပေမယ့် အခုတော့ အတန်းထဲမှာတောင် တစ်ယောက်တည်းပစ်ထားတတ်နေလေပြီ...။

"ကြည့်ရတာ ဂျောင်ကုက ရည်းစားရနေတာများလား"

စဉ်းစဉ်းစားစားနဲ့ပြောလာတဲ့ ဟိုဆော့ကြောင့် ဂျီမင်းအထိတ်တလန့်ဖြစ်သွားရတယ်...။ ဒါက သူတစ်ခါမှမတွေးမိတဲ့ အကြောင်းအရာတစ်ခုလေ...။

"ဟုတ်... ဟုတ်ပါ့မလား...??"

"ဖြစ်နိုင်ပါတယ်... ဘာလို့လဲဆိုတော့ ငါ့အတန်းထဲကကောင်တွေလည်း ရည်းစားရလာရင် အဲလိုပဲအတန်းလစ်ကြတယ်... သူတို့ရည်းစားနဲ့ မေဂျာမတူရင် ပိုတောင်ဆိုးသေး... အဲ့အတန်းမှာပဲ တနေကုန်နေတော့တာ... ကိုယ့်အတန်းကိုတောင် မှန်မှန်မတက်တော့ဘူး"

ဟိုဆော့ကတော့ ခပ်အေးအေးပဲ အဖြေပေးလာပေမယ့် ဂျီမင်းရင်ထဲမှာတော့ ဗလောင်ဆူနေလေပြီ...။ သူ့အနေနဲ့ ဂျောင်ကုကို ဘယ်လောက်တောင်သဘောကျခဲ့ရလဲ...။

"ဟင့်အင်း... ဂျောင်ကုကပြောတယ်.. ငါမသိဘဲ ရည်းစားမထားဘူးတဲ့... မဟုတ်သေးဘူး.. ရည်းစားလုံးဝမထားဘူးလို့ကို ကတိပေးထားတာ"

"အော် ဂျီမင်းရယ်.. သူငယ်ချင်းနဲ့ ဘယ်လိုပဲ ကတိတွေထားထား အချစ်နဲ့တွေ့ရင် ကောက်ကောက်ပါသွားတတ်ကြတာ သဘာဝပဲလေ... စိတ်မကောင်းမဖြစ်ပါနဲ့... ငါတစ်ယောက်လုံး single အနေနဲ့ရှိသေးတယ်... မင်းနဲ့သေချာပေါက် အဖော်လုပ်ပေးမှာ"

ဟိုဆော့ကတော့ ပြုံးပြုံးလေးနဲ့နှစ်သိမ့်နေပေမယ့် ဂျီမင်းကတော့ စိတ်မအေးနိုင်ပါ...။ ကိုယ်သူ့အပေါ်ထားတဲ့သဘောထားက သူငယ်ချင်းတစ်ယောက်လိုမှ ရိုးရှင်းမနေတာကို...။

Chemistry Between Us (Completed) Where stories live. Discover now