Part - 16

2.8K 381 33
                                    

(Zawgyi)

"အိုမားတို့ကုမ္မဏီက ဝန်ထမ်းတွေကိုအပျော်ခရီးလိုက်ပို့မလို့... အဲဒါမင်းတို့လည်းလိုက်ခဲ့ပါလား... အာပါးလည်းအတူလိုက်မှာ"

ကြုံတောင့်ကြုံခဲ မိသားစုတွေဆုံဖြစ်ကြတဲ့ထမင်းဝိုင်းမှာ အိုမားက ပြောလာတာကြောင့် သူတို့၃ယောက် တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်မိကြတယ်...။ ပြီးတော့မှ အကြီးဆုံးဖြစ်တဲ့ ဆော့ဂျင်က အရင်ဆုံးမေးခွန်းထုတ်လိုက်တယ်...။

"ဘယ်ကိုသွားကြမှာလဲ အိုမား...??"

"ဂျပန်ကိုလေ... ပွဲတော်ရက်နဲ့လည်း တိုက်ဆိုင်နေလို့"

ကိုရီးယားနိုင်ငံထဲလောက်သာ မျှော်လင့်ထားခဲ့ပေမယ့် ဂျပန်ဆိုတော့ ဆော့ဂျင်ရဲ့မျက်လုံးတွေ ဘလင်းဘလင်းဖြစ်သွားခဲ့တယ်...။

"လိုက်မယ် အိုမား... ဆိုင်ကို မန်နေဂျာနဲ့လွှဲထားခဲ့မယ်"

"သားကတော့ မလိုက်ဘူး... စာမေးပွဲနီးနေပြီမို့လို့"

စိတ်မပါလက်မပါနဲ့ ပြန်ဖြေတဲ့ထယ်ယောင်းကို ဂျီမင်းအသာခိုးကြည့်မိတယ်...။ တကယ်တမ်းလည်း စာမေးပွဲက နီးနေပြီလေ...။ ပြည်ပခရီးမသွားဖူးတဲ့ဂျီမင်းအဖို့ ဂျပန်ခရီးစဉ်ကို စိတ်ဝင်စားမိပါသော်လည်း စာမေးပွဲကလည်း အရေးကြီးတာမို့ ဝေခွဲမရဖြစ်နေတယ်...။

"ဂျီမင်းလေးရော... လိုက်ခဲ့မလား...??"

အိုမားက ထပ်မေးလာတာကြောင့် ဂျီမင်းလည်း စဉ်းစားရလေပြီ...။ သူလိုက်သွားရင် ထယ်ယောင်းက အိမ်မှာတစ်ယောက်တည်းကျန်ခဲ့မှာ...။ ဘယ်လောက်ပဲ သွေးအေးတဲ့သူဖြစ်ပါစေ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့မှာကိုတော့ ဘယ်လိုလားကြမလဲ...။ ပြီးတော့ တစ်ဖက်မှာလည်းစာမေးပွဲ...။

"မလိုက်တော့ပါဘူးအိုမား... စာမေးပွဲက အရေးကြီးလို့"

ထိုအဖြေကြောင့် ထယ်ယောင်းက သူ့ကိုအသာခိုးကြည့်တယ်...။ စိတ်ထဲမှာတော့ အတန်ငယ်ကျေနပ်သွားကြောင်းကို မသိမသာတွန့်ကွေးသွားတဲ့ နှုတ်ခမ်းလေးတွေက သက်သေပြနေခဲ့တယ်...။

ထမင်းစားသောက်ပြီးလို့ အခန်းကိုပြန်ခဲ့ကြတော့ ထယ်ယောင်းက စကားစလာတယ်...။

Chemistry Between Us (Completed) Where stories live. Discover now