Part - 24

3.1K 356 46
                                    

(Zawgyi)

ဂျီမင်းတစ်ယောက် အသက်မပါသလိုလမ်းလျှောက်ရင်း ကျောင်းထဲကိုဝင်လာခဲ့တယ်...။ ဒီမနက်ကျောင်းလာတော့ ဂျီမင်းတစ်ယောက်တည်း...။ ထယ်ယောင်းကိုမတွေ့ပုံထောက်တော့ ကိုကြီးကျောင်းလိုက်ပို့တာနေမှာပေါ့...။ ဦးလေးလီကို မေးလို့ရပေမဲ့ ဂျီမင်းမမေးဖြစ်ခဲ့...။ လူနဲ့စိတ်နဲ့ သိပ်မကပ်တာလည်း ပါမှာပေါ့လေ...။

ကျောင်းဝန်းကြီးကတော့ ထုံးစံအတိုင်း စည်ကားလို့ပေါ့...။ သူငယ်ချင်းမများတဲ့ ဂျီမင်းအတွက်ကတော့ ရယ်ပြုံးပြကာနှုတ်ဆက်ရမဲ့သူ မရှိတာကြောင့် ခေါင်းကိုငုံ့ပြီးတော့ပဲ ဆက်လျှောက်လာခဲ့လိုက်တယ်...။ ဒီနေ့တော့ အတန်းကို ကျော်မသွားလောက်ဘူးထင်တာပဲ...။ ခုတလော စိတ်လွတ်နေတာကြောင့် ကိုယ်စာသင်ရမဲ့အခန်းကိုတောင် ကျော်သွားခဲ့တာ...။

ု"ဂျောင်ကုကလေ ထယ်ယောင်းကို တော်တော်လေးချစ်တဲ့ပုံပဲနော်... အမြဲအရိပ်တကြည့်ကြည့်နဲ့"

"ဟုတ်ပါ့... ထယ်ယောင်းကိုအားကျလိုက်တာ"

ဂျောင်ကုနဲ့ထယ်ယောင်းရဲ့သတင်းက သူတို့ကျောင်းမှာ တော်တော်လေးနာမည်ကြီးနေတာပဲ...။ ဂျောင်ကုဘက်ကနေ တစ်ဖက်သတ်ဖြစ်နေပေမဲ့ လူတိုင်းက သူတို့ကိုသဘောတူနေကြတာလေ...။ ဂျီမင်းအတွက်ကတော့ သိပ်ပြီးထူးဆန်းမနေပါ...။ ထယ်ယောင်းက အချိန်တန်ရင် ကိုကိုယွန်းဂီနဲ့ပဲ လက်ထပ်မှာကို...။

"ဟေး... ဂျောင်ကုရဲ့ IG acc မှာ ပုံတင်ထားတာတွေ့ပြီးပြီလား...?? သောက်ရမ်းမိုက်တာနော်"

"ဟုတ်လား... ငါမကြည့်ရသေးဘူး... ကြည့်ဦးမှပဲ"

ဂျောင်ကုက cele တစ်ယောက်လိုပဲ လူအများကြားမှာ ရေပန်းစားတာကြောင့် သူ့ရဲ့ IG acc မှာလည်း followers တွေ တော်တော်များတယ်...။ ဂျီမင်းတောင်မှ follow ထားသေးတယ်...။ ခုလည်း ဂျောင်ကုပုံတင်တာကို အတန်းထဲကလူတွေက အသည်းအသန်ဖြစ်နေကြတာပဲ...။

ဂျီမင်းလည်း ကျောပိုးအိတ်လေးကို ခုံပေါ်မှာတင်လိုက်ပြီး နေရာတကျဝင်ထိုင်လိုက်တယ်...။ ပုံတင်ထားတယ်ဆိုတော့လည်း ဝင်ကြည့်လိုက်ဦးမှပါ...။ ပြောလို့ပြောတာမဟုတ်... ဂျောင်ကုက ပုံအမြဲမတင်ပေမဲ့ သူတင်လိုက်တဲ့ပုံတိုင်းကတော့ အရမ်းအထာကျတာ...။ ဒါကြောင့်လည်း followers အများကြီးရှိတာပေါ့...။

Chemistry Between Us (Completed) Where stories live. Discover now