(Zawgyi)
ဂျပန်ကနေပြန်ရောက်ရောက်ချင်း အိမ်မှာမနားနိုင်ဘဲ ချစ်ရသူလေးအတွက်ဝယ်လာတဲ့ လက်ဆောင်ထုတ်တွေကိုသယ်ပိုးကာ ဆော့ဂျင်တစ်ယောက် ထွက်လာခဲ့ပြန်တယ်...။ အိမ်မှာရှိနေတဲ့ညီ၂ယောက်ကတော့ သူတို့အတွက်ဘာမှမဝယ်လာလို့ စိတ်ကောက်နေကြတယ်...။ အထူးသဖြင့်ထယ်ယောင်းပေါ့...။
ကျောင်းမှာသွားပေးရင်ရပေမယ့်လည်း အဖြစ်သည်းလှတဲ့ဆော့ဂျင်ကတော့ ခရီးမရောက်မဆိုက်မှာပင် ချစ်သူလေးရဲ့မျက်နှာကို မြင်ချင်တယ်လေ...။ ပြီးတော့ သူလေးကို ကျောင်းလိုက်ပို့ပေးချင်သေးတာ...။ ကောက်စိန်လေး ထယ်ယောင်းကတော့ သူ့ဘာသာ ဂျီမင်းနဲ့အတူတူ ကျောင်းသွားပါစေ...။
၂ခေါက် ၃ခေါက်လောက် အိမ်ပြန်လိုက်ပို့ဖူးနေတော့ သူလေးရဲ့အိမ်ကို ဆော့ဂျင်မှတ်မိနေပါပြီ...။ ကားလေးကို ခြံရှေ့မှာပဲရပ်ထားလိုက်ပြီး ဘဲလ်တီးလိုက်တယ်...။ ချစ်သူလေးရဲ့အိမ်က အရမ်းမကြီးပေမယ့်လည်း နေချင်စရာလေးပင်...။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ...??"
အင်တာကွန်ကနေတဆင့်မေးလာတော့ ဆော့ဂျင်လည်း ကပျာကယာလေး ပြန်ဖြေလိုက်ရတယ်...။
"ဟိုဆော့နဲ့တွေ့ချင်လို့ပါ"
ခဏနေတော့ ခြံတံခါးလေးက ပွင့်လာတာကြောင့် ဆော့ဂျင်လည်းအလျင်အမြန်ပဲ ခြံထဲဝင်လာခဲ့လိုက်တယ်...။ လှေကားထစ်အနည်းငယ်ကိုတက်ပြီးနောက် ဟိုဆော့ရဲ့အိမ်လေးကို ရောက်သွားခဲ့တယ်...။ ဟိုဆော့ရဲ့အမေဖြစ်ဟန်တူတဲ့ ဟိုဆော့နဲ့ရုပ်ချင်းတော်တော်ဆင်တဲ့ အန်တီကြီးကိုတော့ အိမ်ပေါက်ဝမှာတွေ့လိုက်ရတယ်...။
"ဟိုဘီလေးရဲ့ သူငယ်ချင်းလား...?? အိမ်ကို သူ့သူငယ်ချင်းတွေလာလေ့မရှိလို့ အံ့ဩနေတာ"
"တကယ်တော့ ကျွန်တော်က ဟိုဆော့သူငယ်ချင်းရဲ့အစ်ကိုပါ... ကျွန်တော့်နာမည်က ကင်မ်ဆော့ဂျင်လို့ခေါ်ပါတယ်"
သူ့အဖြေကြောင့် အန်တီကြီးက အတန်ငယ်တော့ ကြောင်အမ်းအမ်းဖြစ်သွားတယ်...။ အင်းပေါ့လေ... သူငယ်ချင်းက အိမ်လာမလည်ဘဲ သူငယ်ချင်းရဲ့အစ်ကိုက အိမ်လာလည်တယ်ဆိုတော့လေ...။
YOU ARE READING
Chemistry Between Us (Completed)
FanfictionThe hardest thing to do is watch the one you love, love someone else. Yoongi x Jimin Jungkook x Taehyung