Part - 19

2.8K 351 19
                                    

(Zawgyi)

မနက်မိုးလင်းလို့ မျက်စိ၂လုံးဖွင့်လိုက်တာနဲ့ ပြန်ကြားယောင်လာမိတဲ့ သူ့ရဲ့စကားသံတွေ...။ ချစ်တယ်တဲ့လား...။ ဂျီမင်းရဲ့ဘဝမှာ ပထမဆုံးအနေနဲ့ ဖွင့်ပြောခြင်းခံရတဲ့အပြင် ထိုသူက ကိုယ်တိတ်တိတ်လေး လေးစားသဘောကျနေရသူမို့ ရင်ခုန်မိတာတော့အမှန်ပင်...။

"သူက ငါ့ကိုချစ်တယ်တဲ့လား...??"

နှုတ်ကနေခပ်တိုးတိုးရေရွတ်ရင်း သဘောတကျနဲ့ပြုံးလိုက်မိပြန်တယ်...။ သူလို အဖက်ဖက်က ပြီးပြည့်စုံတဲ့လူတစ်ယောက်က ကိုယ့်လိုသာမန်လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ဖြစ်ရောဖြစ်နိုင်ရဲ့လား...။

ထိုအတွေးနဲ့အတူ ကမန်းကတမ်းနဲ့ မှန်ရှေ့ပြေးရပ်ကာ ကိုယ့်ကိုကိုယ်ကြည့်မိတယ်...။ အိပ်ယာထကာစ ဆံပင်စုတ်ဖွားနဲ့ အဝါရောင်ညဝတ်အင်္ကျီဖရိုဖရဲကို ဝတ်ဆင်ထားတဲ့ကိုယ့်ပုံစံက ရင်ခုန်စရာမကောင်းဘူးပဲ...။ ပြောရရင် ရယ်စရာပုံစံတောင်ဖြစ်နေသလားလို့...။ ထယ်ယောင်းသာဆိုရင် ဘယ်အချိန်ကြည့်ကြည့် ချောမောနေမှာအမှန်ပဲကို...။ ဒါကို ဘာကြောင့်များ ထယ်ယောင်းမဟုတ်တဲ့ကိုယ့်ကို သူသဘောကျသွားတာလဲ...။

"သူတို့၂ယောက်သာဆိုရင် သိပ်လိုက်ဖက်မှာပါကို... အကြိုက်ချင်းလည်းတူ ဝါသနာချင်းတည်းတူ... ပွဲတွေဘာတွေတွဲတက်လည်း အမြင်တင့်တယ်တယ်... ငါ့ကျတော့...."

သက်ပြင်းကိုဟူးခနဲချရင်း ဂျီမင်းသူ့ရဲ့ဆံပင်တွေကို ဆွဲဖွနေမိပြန်တယ်...။ ပြီးတော့မှ လေးကန်တဲ့ခြေလှမ်းတွေနဲ့ အိပ်ယာဆီကိုပြန်လာပြီး ထိုင်ချလိုက်ပြန်တယ်...။

ဘာမှငြင်းစရာမရှိအောင် ပြီးပြည့်စုံနေတဲ့ ကိုကိုယွန်းဂီလိုလူကို ဂျီမင်းအနေနဲ့ ဘယ်လိုအင်အားနဲ့ ငြင်းရက်နိုင်မှာလဲ...။ ဒါပေမဲ့ တစ်ဖက်ကနေ ပြန်တွေးပြန်တော့လည်း သူနဲ့ကိုယ်က ရှေ့သွားနောက်လိုက်ရော ညီပါ့မလားဆိုတဲ့အတွေးမျိုး ဝင်လာပြန်တယ်...။ ခက်ပါလား ကိုကိုယွန်းဂီရယ်...။

"သား...ဂျီမင်းရေ... ကျောင်းသွားဖို့မဆင်းလာသေးဘူးလား... အောက်မှာ သားရဲ့ညီလေးက စောင့်နေတယ်ကွဲ့"

Chemistry Between Us (Completed) Where stories live. Discover now