Part - 5

3.2K 371 87
                                    

(Zawgyi)

ကားအဖြူရောင်လေး ကျောင်းဝန်းထဲကိုချိုးကွေ့ဝင်လာပြီးနောက် ခဏအကြာတွင်ထိုးရပ်လိုက်လေတယ်...။ ကားပေါ်ကနေ ကျောပိုးအိတ်ကိုလွယ် စာအုပ်တွေကိုပွေ့ပိုက်ရင်း မျက်နှာလေးကိုတချက်ပင့်တင်ကာ ဂျီမင်းဆင်းလာခဲ့လိုက်တယ်...။

"ကျေးဇူးပါနော် ဦးလေးလီ"

"ရပါတယ်ကွာ... ညနေလည်း ပုံမှန်အချိန်ပဲမလား"

"ဟုတ်ကဲ့..."

ဦးလေးလီက ကားလေးကိုပြန်မောင်းထွက်သွားပြီမို့ ဂျီမင်းလည်း စာသင်ခန်းဆီသို့ ဖြည်းဖြည်းမှန်မှန်လေးပဲ လျှောက်လာခဲ့လိုက်တယ်...။ ဘေးပတ်ဝန်းကျင်ကို ငေးမောတတ်တဲ့အကျင့်မရှိတာကြောင့် ခေါင်းလေးငိုက်စိုက်ငိုက်စိုက်နဲ့သာ လျှောက်လာခဲ့လိုက်တာ တစုံတစ်ယောက်က သူ့နာမည်ကိုလှမ်းမခေါ်ခင်အထိပေါ့...။

"ဂျီမင်းနီ....!!!!"

နားထဲစွဲနေတဲ့အသံချိုလေးကြောင့် သူချာခနဲလှည့်ကြည့်လိုက်တော့ အဝေးကနေသူ့ကိုလက်လှမ်းပြနေတဲ့ ဂျောင်ကု...။ ဘေးမှာလည်း တခြားသူငယ်ချင်း၂ယောက် ပါလာသေးတယ်...။ ပြီးတော့မှ ဘေးကသူငယ်ချင်းတွေကို နှုတ်ဆက်လိုက်ပြီး ဂျီမင်းရှိရာကို အပြေးလေးရောက်လာပြန်တယ်...။

ပုံသွင်းမထားတဲ့ဆံပင်ပျော့ပျော့လေးတွေက သူခုန်ပေါက်ပြေးလွှားတိုင်းမှာ လေမှာလွင့်ပျံလို့နေတယ်...။ ဂျီမင်းရဲ့မျက်လုံးထဲမှာတော့ အနီးအနားပတ်ဝန်းကျင်မှ သက်ရှိသက်မဲ့အားလုံးကို မမြင်နိုင်တော့ဘဲ သူ့ရှေ့ကနတ်သားလေးကိုသာ သတိလက်လွတ်ငေးမောနေမိတယ်...။

"ရောက်လာပြီလား... စာအုပ်တွေပေးလေ... လေးနေမှာပေါ့"

ပြောပြောဆိုဆိုနဲ့ လက်ထဲကစာအုပ်တွေကို ဆွဲယူသွားတဲ့ဂျောင်ကုကြောင့် ဂျီမင်းကြည်နူးရပြန်တယ်...။ ဂျောင်ကုက ရုပ်လည်းချောသလို စိတ်ထားလည်းကောင်းတာကြောင့် သူ့ကိုခင်ချင်ကြတဲ့သူတွေ အများကြီးပဲလေ...။ ကျောင်းပြောင်းလာတာမကြာသေးပေမယ့်လည်း သူနဲ့ခင်တဲ့သူတွေက တဖြည်းဖြည်းနဲ့ များလာခဲ့တယ်...။

ဒါပေမဲ့လည်း တစ်ခုကြည်နူးရတာက ဂျောင်ကုက လူတိုင်းနဲ့တရင်းတနှီးပေါင်းပေမယ့် သူနဲ့အမြဲတတွဲတွဲရှိသူက ဂျီမင်းတစ်ယောက်တည်းပဲလေ...။ သူကလည်း တခြားသူငယ်ချင်းတွေ ဘေးမှာရှိနေပါစေ ဂျီမင်းကိုမြင်လိုက်တာနဲ့ သူတို့ကိုထားခဲ့ပြီး ဂျီမင်းဆီကိုပဲ အပြေးလာနေကျ...။ ခုနကလိုပေါ့...။

Chemistry Between Us (Completed) Where stories live. Discover now