Part - 12

3K 376 34
                                    

(Zawgyi)

ဆော့ဂျင်တစ်ယောက် သူလုပ်ထားတဲ့တော့ပူကီကို အားရပါးရစားနေတဲ့ ကောင်ချောလေးကို မမှိတ်မသုန်ငေးနေမိတယ်...။ ဒီလောက်စားသောက်နေတာကိုတောင် ရုပ်ဆိုးမသွားဘူးပဲ...။ စပ်နေတာကြောင့် မျက်နှာလေးကလည်း ခပ်ရဲရဲလေးပင်...။

"ဂျီမင်း ငါ့ကိုအအေးဘူးလေး ပေးပါဦး"

ဂျီမင်းရဲ့ရှေ့မှာ သူတို့ဝယ်လာတဲ့အအေးဘူးတွေ ရှိနေတာကြောင့် သူက လှမ်းတောင်းနေပေမယ့် ဆော့ဂျင်က အလျင်အမြန်ပဲ လက်ထဲကသောက်လက်စအအေးဘူးကို လှမ်းပေးလိုက်တယ်...။ ကောင်ချောလေးက ရုတ်တရတ်မို့ အံ့ဩသွားပေမယ့်လည်း အရမ်းစပ်နေလို့ထင်တယ် ဘာမှမပြောဘဲ လှမ်းယူသောက်တယ်...။

ဒါက Indirect kiss ပဲ...။ ဆော့ဂျင်ရဲ့အနှစ်နှစ်အလလ အိပ်ပျော်နေတဲ့နှလုံးသားလေးက သူလေးနဲ့ကျမှ နိုးထလာသလိုပင်...။ စပ်လို့ ဆူထော်ထားတဲ့ နှုတ်ခမ်းရဲရဲလေးတွေက ဆော့ဂျင်ရဲ့သမာဓိအားကို လျော့ရဲစေတယ်...။

"ကျေးဇူးပဲ ကိုကြီး"

သူလေးက ကိုကြီးလို့ခေါ်လိုက်တာပဲ...။ ထယ်ယောင်းနဲ့ဂျီမင်ခေါ်တဲ့ ကိုကြီးဆိုတာထက်ပင် နားဝင်ချိုလွန်းလှတယ်...။ မရတော့ဘူး... သူလေးကိုအရမ်းတွေ ချစ်မိနေပြီပဲ...။

"တော့ပူကီက အရမ်းစပ်နေတာလား... အချိုလုပ်ထားတာရှိတယ်... စားမလား...??"

"အချိုချည်းပဲတော့ မစားချင်ဘူး... အချိုနဲ့အစပ်ရောလိုက်ရင် ပိုအဆင်ပြေမယ်ထင်တယ်နော်.. အဟီး"

"စိတ်ချ... ကလေး စားချင်တဲ့အတိုင်း ဖြစ်စေရမယ်"

ဆော့ဂျင်ရဲ့စကားကြောင့် ဟိုဆော့မျက်နှာလေးက ပိုရဲလာသလိုပင်...။ သူတို့၂ယောက်ကတော့ သူ့အာရုံနဲ့သူဖြစ်နေသလို ဂျီမင်းမှာလည်း တစ်ဖက်ထိုင်ခုံမှာ အတူတူပူးကပ်ထိုင်နေတဲ့ ထယ်ယောင်းနဲ့ဂျောင်ကုကိုသာ ငေးကြည့်နေမိတယ်...။ ခုနက ဟိုဆော့အအေးဘူးတောင်းတာကိုလည်း သူမကြားလိုက်သလို ဟိုဆော့နဲ့ဆော့ဂျင်ရဲ့ အဖြစ်ကိုလည်း သူမသိပါ...။ သူ့မျက်လုံးအကြည့်တွေက ထယ်ယောင်းတို့ဆီမှာသာ...။

"ဒီစတော်ဘယ်ရီဖျော်ရည်က တော်တော်အရသာရှိတယ်... မင်း ဘယ်ဆိုင်ကနေ ဝယ်လာတာလဲ...??"

Chemistry Between Us (Completed) Where stories live. Discover now