Part - 27 (Final)

6.2K 398 47
                                    

(Zawgyi)

ကျောင်းဝန်းထဲကို Hyundai အနက်ရောင်လေး ချိုးကွေ့ဝင်ရောက်လာတာနဲ့ ကျောင်းသားတွေအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတယ်...။ တော်တော်များများက ကားထဲကနေထွက်လာမဲ့ တစ်စုံတစ်ယောက်ကို မျှော်လင့်တကြီးနဲ့စောင့်နေကြတယ်...။

"ဝါး... သူဒီနေ့လည်း အရမ်းမိုက်နေတာပဲ"

"မင်ဂျီမင်း... ငါတို့ရဲ့နတ်သားလေး..."

"ဘယ်တော့မဆို အမြဲကြည့်ကောင်းနေတော့တာပဲ"

တချိန်တုံးက အတန်းထဲမှာလူမသိသူမသိနေခဲ့တဲ့ စာကြမ်းပိုးလေးပက်ခ်ဂျီမင်းဟာ အားလုံးငေးမောသဘောကျရတဲ့ Fashion King မင်ဂျီမင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ...။ ဘယ်လောက်ပဲနာမည်ကြီးနေပါစေ နဂိုနူးညံ့တဲ့စိတ်ထားလေးကြောင့် ဂျီမင်းဟာ ဘယ်သူ့ကိုမှခပ်ချေချေမဆက်ဆံဘဲ အပြုံးလေးနဲ့ပြန်တုန့်ပြန်ခဲ့တယ်...။ ဒါကပဲ သူ့ကို နတ်သားလေးအဖြစ် ပိုအထင်ရောက်စေတာပေါ့...။

"ကျောင်းသားတွေဆူညံနေပြီဆိုရင် သေချာတယ် ဂျီမင်းရောက်လာပြီဆိုတာ"

စတော်ဘယ်ရီဖျော်ရည်ကို ပိုက်လေးနဲ့ထိုးမွှေနေရင်း ထယ်ယောင်းပြောမိတော့ ဘေးက ဟိုဆော့ကပါ ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်...။ ဂျီမင်းတစ်ယောက် အိမ်ထောင်ကျပြီးမှ တအားတွေစန်းပွင့်နေတာလေ...။

သူတို့ပြောနေတုန်းမှာပင် သူတို့ထိုင်နေတဲ့ကန်တင်းဆီကို ဦးတည်လာတဲ့ ဂျီမင်းကိုတွေ့လိုက်ရတယ်...။ ထုံးစံအတိုင်း သူ့ဘေးမှာ ဓာတ်ပုံဝိုင်းရိုက်ကြတဲ့သူတွေလည်း ပါနေသေးတယ်...။

"ငါသာ ကိုကိုယွန်းဂီနေရာမှာဆို ကိုယ့်ယောက်ျားကို ခုလိုစိတ်ချလက်ချ လွှတ်ထားမှာမဟုတ်ဘူး"

သဝန်တိုတဲ့နေရာမှာ ပြိုင်စံရှားဖြစ်တဲ့ထယ်ယောင်းဟာ ခုလည်း ဂျီမင်းကိုကြည့်ပြီး ခေါင်းလေးတခါခါနဲ့ရေရွတ်တယ်...။ သူ့ဘေးမှာထိုင်နေတဲ့ ဂျောင်ကုကတော့ ဘာစကားမှဝင်မပြောဘဲ သူလုပ်နေသမျှ ပြောနေသမျှကိုသာ ပြုံးပြုံးလေးနဲ့ထိုင်ကြည့်နေတယ်...။

ဂျီမင်းက စန်းပွင့်တဲ့သူဆိုရင် ထယ်ယောင်းကိုတော့ ရည်းစားကိုနိုင်စားသူရယ်လို့ နာမည်တပ်ရမှာပင်...။ ဂျောင်ကုခမျာ တခြားသူနဲ့ ရယ်မောပြီးစကားမပြောရဲလောက်အောင်ပင်...။ ဒါပေမဲ့လည်း သူဘယ်လောက်နိုင်စားစား ဂျောင်ကုတို့က အပြုံးကိုမပျက်တာ...။ ထယ်ယောင်းရဲ့မျက်နှာကိုသာ တစိမ့်စိမ့်ကြည့်ရင်း အရာအားလုံးကို ဥပေက္ခာပြုထားနိုင်သူပင်...။

Chemistry Between Us (Completed) Where stories live. Discover now