Part - 4

3.2K 389 60
                                    

(Zawgyi)

"အိမ်မှာနေခဲ့လို့ဖြစ်ရဲ့လား... Appa နဲ့လိုက်ခဲ့မလား"

ကျောင်းပိတ်ရက်မှာ လူကြီးတွေအလုပ်သွားမှာမို့ အိမ်မှာထယ်ယောင်းနဲ့ ၂ယောက်တည်းကျန်ခဲ့မယ့်သားဖြစ်သူကို အဖေက စိုးရိမ်စွာမေးနေသေးတယ်...။ ဂျီမင်းကတော့ ဘာမှမဖြစ်သလို ခပ်ပြုံးပြုံးပဲပြန်တုန့်ပြန်လိုက်တယ်...။

"ရပါတယ်အာပါးရဲ့... ထယ်ယောင်းနဲ့က ဒီတိုင်းစကားမပြောဖြစ်တာပဲရှိတာပါ... သူလည်း သူ့ဘာသာနေ ကိုယ်လည်း ကိုယ့်ဘာသာနေရုံပေါ့"

"အင်းပါ... တသက်လုံးအတူနေရမှာ ရှောင်လွှဲနေလို့မှမရတာ... ဒါနဲ့ သားဒီမှာနေရတာ အဆင်ပြေတယ်မလားဟင်... အာပါးလည်း မေးမယ်မေးမယ်နဲ့ မမေးဖြစ်လို့"

ဂျီမင်းလည်း အပြုံးလေးနဲ့ပဲ ခေါင်းညိတ်ပြလိုက်တယ်...။

"ပြေတာပေါ့ အာပါးရယ်... တအိမ်သားလုံး သဘောကောင်းကြတာကို... ထယ်ယောင်းနဲ့ကလည်း အစမို့ပါ.. နောက်ဆိုအဆင်ပြေသွားမှာပါ"

ဂျီမင်းရဲ့အဖြေကြောင့် အဖေက သက်ပြင်းဖွဖွချရင်း ဂျီမင်းရဲ့ခေါင်းလေးကို အသာပွတ်ပေးလာတယ်...။

"ထယ်ယောင်းလေးက စိတ်ဒဏ်ရာရခဲ့ပုံပဲ... ငယ်ငယ်တည်းက အဖေနဲ့ရောအမေနဲ့ရော လက်ပွန်းတတီးမနေရတော့ အရွဲ့တိုက်ချင်စိတ်လေးနဲ့ ခုလိုနည်းနည်းကြမ်းတမ်းတဲ့ဘက်ကို ရောက်သွားတာဖြစ်မယ်"

"သူ့အကိုကိုတော့ တော်တော်လေးချစ်ပုံရတယ်နော်"

"အင်းပေါ့.. အကိုကပဲ ထိန်းကျောင်းလာခဲ့တာကိုး... သားနဲ့ဆော့ဂျင် အရမ်းအဆင်ပြေလာရင် သူသားကိုရန်လိုဦးမှာပဲ"

အဖေ့ရဲ့စကားကြောင့် ဂျီမင်းလည်း သူသတိထားရမယ့်အချက်ကို သိရှိသွားရတော့တယ်...။ ဟုတ်တာပေါ့... အခုကိုယ့်ကိုမကြည်တာက သူ့အမေက ကိုယ့်ကိုဦးစားပေးသလို ဖြစ်နေလို့လေ...။ ကိုကြီးဆော့ဂျင်နဲ့ဆိုရင်လည်း ခုလိုပဲရန်စောင်ဦးမှာ အသေအချာပါပဲ...။

"ထယ်ယောင်းက သနားပါတယ်နော်... ကျွန်တော်ကမှ အိုမားဆုံးသွားပေမယ့် အာပါးက ဂရုစိုက်ပေးတယ်... ငယ်ငယ်ကဆို အာပါးသွားလေရာနောက်ကို အမြဲတကောက်ကောက်လိုက်ခဲ့ရတာလေ... အတန်းထဲမှာ အာပါးစာသင်ရင်တောင် ဘေးမှာခုံလေးနဲ့ထိုင်စောင့်ခဲ့တာလေးတွေ ပြန်အမှတ်ရတယ်"

Chemistry Between Us (Completed) Where stories live. Discover now