"မနက်ဖြန်ကျောင်းပိတ်မှာ... ငါတို့ ဂျီမင်းရဲ့အိမ်ကိုသွားလည်ကြမယ်နော်"
ဂျောင်ကုက တက်ကြွနေသလောက် အကြောင်းစုံသိနေတဲ့ဟိုဆော့ကတော့ မျက်နှာသိပ်မကောင်း...။ သူ့စိတ်ထဲမှာ ဂျီမင်းကိုသနားနေမိတာ...။ ကိုယ်တစ်ဖက်သတ်ချစ်တဲ့သူက ကိုယ့်ညီကိုလာရောက်ပိုးပန်းတာကို သူဘယ်လိုအင်အားနဲ့ ရင်ဆိုင်မှာတဲ့လဲ...။
"မင်း သူ့ကိုတွေ့ချင်တာ သူ့အတန်းကိုလိုက်သွားလည်း ရတာပဲကို... ဘာလို့ အိမ်အထိလိုက်မှာလဲ"
"ဟိုဆော့ကလည်း... ငါကသူအိမ်မှာနေတဲ့ပုံစံလေးကို မြင်ချင်လို့ပါဆို... မင်းက ဘာဖြစ်နေတာလဲ... ကိုယ့်သူငယ်ချင်းအိမ်ကိုသွားလည်ရမှာကို မပျော်တဲ့ပုံနဲ့"
"ဒါကတော့....."
ဟိုဆော့ ဘာပြောရမှန်းမသိတော့ဘဲ ဂျီမင်းကိုလှမ်းကြည့်မိတော့ ဂျီမင်းက သိပ်ဟန်မပျက်တာကို သတိထားမိလိုက်တယ်...။ သူက ဟန်ဆောင်ကောင်းနေတာလား...။
"လာလည်ကြပါကွာ... ငါလည်း ကျောင်းပိတ်ရက်ဆိုပျင်းနေတာ.. မင်းတို့၂ယောက်က ငါ့အိမ်ကိုလာလည်ဖူးတဲ့ ပထမဆုံးသူငယ်ချင်းတွေဖြစ်လာမှာ... ဟိုဆော့လည်း လာခဲ့.. ဘာမှအားမနာနဲ့... ငါ့ကာတွန်းစာအုပ်တွေ ပေးဖတ်မယ်"
ကာတွန်းစာအုပ်အသံကြားတာနဲ့ ဟိုဆော့ရဲ့အားနာမှုတွေက ချက်ချင်းပျောက်သွားတော့တယ်...။ စာအုပ်ဖတ်ရဖို့အရေး ကျန်တာဘာဖြစ်ဖြစ်ပေါ့...။
"အင်း... လာခဲ့မယ်... ဂျောင်ကု ငါတို့တနေရာမှာချိန်းပြီး အတူတူသွားကြမလား...??"
"ကောင်းသားပဲ... နို့မို့ဆို ငါတစ်ယောက်တည်း ယောင်ချာချာဖြစ်နေမှာ"
သူတို့၂ယောက်ကလည်း ချိန်းဖို့နေရာနဲ့အချိန်ကို တိုင်ပင်နေကြသလို ဂျီမင်းကလည်း အေးရာအေးကြောင်းပင် အအေးကိုပိုက်နဲ့စုပ်သောက်နေလိုက်တယ်...။ ဂျောင်ကုဘယ်လောက်ကြိုးစားကြိုးစား ထယ်ယောင်းရဲ့စိတ်က ယွန်းဂီဆီမှာပဲမို့ သူစိတ်ချနေခြင်းပင်...။
"ငါက ကြက်ကြော်ဝယ်လာခဲ့မယ်... ငါတို့အိမ်နားမှာ ကြက်ကြော်ဆိုင်ကောင်းကောင်းရှိတယ်"
YOU ARE READING
Chemistry Between Us (Completed)
FanfictionThe hardest thing to do is watch the one you love, love someone else. Yoongi x Jimin Jungkook x Taehyung