(Zawgyi)
ဂျောင်ကုအိမ်ကိုရောက်လာတဲ့အတွက် သူနဲ့ထယ်ယောင်းတတွဲတွဲလုပ်နေရင် တစ်ယောက်တည်းအထီးကျန်ရလိမ့်မယ်လို့ ဂျီမင်းထင်ထားခဲ့ပေမယ့် တကယ်တမ်းတော့မဟုတ်ရပါ...။ ဂျောင်ကုကလည်း ကိုယ့်သူငယ်ချင်းပဲဖြစ်တဲ့အလျောက် ဂျီမင်းကိုလည်း ဂရုစိုက်ပါသေးတယ်...။
"အရင်ရက်တွေက မင်းကိုပစ်ထားသလိုဖြစ်သွားတာ တောင်းပန်ပါတယ်... မင်းသိတဲ့အတိုင်းလေ... ကိုယ်သဘောကျတဲ့သူနဲ့ အတူရှိနေရတော့ ငါလည်း နည်းနည်းစိတ်လွတ်သွားတာ"
ခုမှလာပြီး မျက်နှာချိုသွေးနေတဲ့ဂျောင်ကုကို ဂျီမင်းစိတ်မဆိုးရက်ပါ...။ တကယ်တမ်းဝန်မခံချင်ပေမယ့် ဂျောင်ကုနဲ့ထယ်ယောင်းဟာ လိုက်ဖက်လွန်းသည်ဟု ဂျီမင်းထင်မိတယ်...။ ပြီးတော့ထယ်ယောင်းက ယွန်းဂီရဲ့ရှေ့မှာဆို လူလိမ္မာလေးလိုပုံဖမ်းနေပေမယ့် ဂျောင်ကုနဲ့ကျတော့ လွတ်လွတ်လပ်လပ်ပဲပြောဆိုနေတယ်...။
"မင်း ထယ်ယောင်းကိုတကယ်ချစ်တာလား...??"
"အင်း... အကြောင်းသိလာလေလေ ပိုချစ်လာလေလေပဲ.. သူက မာနကြီးတာမဟုတ်ဘဲ ကလေးတစ်ယောက်လိုနွဲ့ဆိုးဆိုးနေတာ... ချစ်ဖို့အရမ်းကောင်းတယ်"
ဂျီမင်းကတော့ ရင်နာနာနဲ့သာ ပြုံးနေမိတယ်...။ ကိုယ့်ကိုလည်း တစ်ယောက်ယောက်က ခုလိုမျိုးသဘောကျပေးရင် သိပ်ကောင်းမှာပဲလို့လည်း မဝံ့မရဲစိတ်ကူးယဉ်နေမိသေးတယ်...။
"ကဲပါ...စာအမြန်လုပ်ရအောင်... ပြီးရင်ငါနဲ့ထယ်ယောင်း ဂိမ်းတစ်ပွဲလောက်ဆော့ချင်သေးလို့"
"စာမေးပွဲနီးနေတာကိုတောင် ဘာလို့ဂိမ်းဆော့ဦးမှာလဲ"
"ဦးနှောက်ဆေးတဲ့သဘောလေကွာ... စာချည်းပဲလုပ်နေရင် ခေါင်းတွေထူပူသွားမှာပေါ့"
ချက်ကျလက်ကျပြောနေတဲ့ဂျောင်ကုကို ဂျီမင်းလည်း ထပ်တွန့်တက်မနေတော့ပေ...။ စာလုပ်တဲ့အခါကျတော့ ဂျောင်ကုက ဂျီမင်းရဲ့အခန်းမှာလာလုပ်တယ်...။ ပြီးရင်တော့ ထယ်ယောင်းရဲ့အခန်းမှာ ဂိမ်းသွားဆော့ဦးမှာပဲလေ...။
စာလုပ်တာနည်းနည်းကြာလာတော့ ဂျောင်ကုက ဗိုက်ဆာတယ်လို့ပြောလာသဖြင့် ဂျီမင်းလည်း စားစရာတစ်ခုခုစီစဉ်ဖို့ အောက်ထပ်ကိုဆင်းလာလိုက်တယ်...။ ထိုအခါ ရေခဲသေတ္တာရှေ့မှာ ရေထုတ်သောက်နေတဲ့ ထယ်ယောင်းနဲ့ ဆုံမိကြတယ်...။
YOU ARE READING
Chemistry Between Us (Completed)
FanfictionThe hardest thing to do is watch the one you love, love someone else. Yoongi x Jimin Jungkook x Taehyung