Zawgyi
1
"မင်းကြီး ဘယ်မှာလဲ"
"တော်ဝင်ရေချိုးဆောင်မှာပါ သခင်လေး"
"ကောင်းပြီ ငါဝင်သွားလိုက်မယ်... ဘယ်သူမှဝင်မလာစေနဲ့နော်"
"ဟုတ်ကဲ့ပါသခင်လေး"
မင်ကုန်းကုန်းက ခါးကိုအသာညွှတ်လို့ ရှောင်းသခင်လေးကို ရိုရိုသေသေနှုတ်ဆက်တယ်။ တော်ဝင်အရှေ့နန်းဆောင်ကို ထွက်ချင်သလိုထွက်ခွင့်ရတဲ့ ကြင်ယာတော်အလောင်းအလျာ ရှောင်းသခင်လေးကတော့ ဝတ်ရုံကိုအသာမလို့ တော်ဝင်ရေချိုးဆောင်ထဲကို ဝင်သွားပြီ။
တော်ဝင်ရေချိုးဆောင်ထဲဝင်လိုက်တာနှင့် ဖယောင်းတိုင်မီးခပ်ပျပျတို့နဲ့အတူ ပန်းအမွှေးရနံ့တို့က လှိုက်ခနဲ။ သစ်သားရေကန်စည်ကြီးအတွင်းမှာ ပန်းပွင့်ဖတ်နုနုလေးတွေဟာ ပြန့်ကျဲလို့နေရာယူထားတယ်။ သစါသားစည်အတွင်းက ရှောင်းသခင်လေးရဲ့ တစ်ဦးတည်းသော အရှင်သခင်ဘုရင်မင်းမြတ်ကတော့ ရေနွေးနွေးရဲ့အရသာကိုခံယူလို့ အညောင်းညာပြေရန်အလို့ငှာ ဇိမ်ခံပြီးရေစိမ်နေပုံရတယ်။
ရေစလေးတွေစိုနေတဲ့ ကျောပြင်ကျယ်ကျယ်ပေါ်ကို လက်ချောင်းနုနုလေးတွေက နူးညံ့ညင်သာစွာနဲ့ ထိလာတယ်။ ထိုနူးညံ့တဲ့အထိအတွေ့ကိုရတာနဲ့ အရှင်မင်းကြီးရဲ့နှုတ်ခမ်းတော်ဟာ ညွှတ်ကွေးလို့ ပြုံးတော်မူတယ်။ လက်နုနုလေးတွေဟာ ကျောပြင်ကျယ်မှတစ်ဆင့် ဖြေးဖြေးချင်း အရှေ့ကိုသွယ်ဝှိုက်လို့ အရှင်သခင်ရဲ့ တောင့်တင်းလှတဲ့ ရင်ဘတ်ပေါ်ကို ရောက်လာတဲ့အခါ ထိုလက်နုနုလေးတွေဟာ ဖမ်းဆုပ်ခြင်းခံလိုက်ရတော့တယ်။
"အဟီး ဟီ"
"ကိုယ်တော့်ခွင့်ပြုချက်မရဘဲ ကိုယ်တော့်ရဲ့အသားကိုထိရဲတယ်ပေါ့ မကြောက်ဘူးလား"
မင်းကြီးဟာ ဟိန့်ဟန်ကြီးစွာနှင့် ပြောဆိုရင်း လက်ဖမိုးလေးကို ညင်သာစွာ ဖိကပ်နမ်းရှိုက်လိုက်လေရဲ့။
"အို... ကြောက်လိုက်တာ မင်းကြီးအပေါ်မှာ အပြစ်ကျူးလွန်မိပါတယ်... ဒီကအပြစ်သားလေးကို အပြစ်ပေးတော်မူပါ"
"ကောင်းပြီ... ငါကိုယ်တော် မင်းကို အပြစ်ပေးတော်မူမယ်"
!!!ဗွမ်း.....!!!
YOU ARE READING
Real or Fictional { COMPLETED }
FanfictionYizhan Warning : Historical Drama မကြိုက်သူများမဖတ်ရ။