11

4K 509 22
                                    

Zawgyi

11

"ရွှီး......."

!!!ဖောက် ဖောက် ဖောက်!!!

သူသေတော့မယ်လို့ထင်လိုက်မိတဲ့အချိန်မှာပဲ မီးအနံ့နှင့်ညော်နံ့တို့ရလာတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့အရှေ့နားမှာ မီးတန်းကြီးဖြစ်နေပြီ။ တချို့ခြင်္သေ့မတွေက လန့်ကုန်ကာ ထွက်ပြေးသွားကြတယ်။ သူ့အရှေ့က ခြင်္သေ့ထီးကတော့ မီးတန်းကြီးထဲမှာ သေနေပြီ။ သူမော့ကြည့်လိုက်တော့ ရိပေါ်... နဂါးအသွင်နှင့် ရိပေါ်။ နဂါးပုံစံပြောင်းထားတဲ့ ရိပေါ်ဟာ အတော်ကို ဒေါသထွက်နေပုံရတယ်။ ရှောင်းကျန့်ရဲ့အရှေ့ဘက် မလှမ်းမကမ်းနေရာကို နောက်ထပ် သူ့ပါးစပ်ကနေ မီးကိုထပ်မှုတ်လိုက်တော့ မြေပြင်ပေါ်မှာ မီးလုံးတွေကနေရာယူသွားတယ်။

"ရိပေါ်... ရိပေါ် အဟင့်..... ဟင့်"

ရှောင်းကျန့်ဟာ ကူကယ်ရာမဲ့ချိန်မှာ အားကုးခိုနာစရာတွေ့ရတဲ့အတွက် အားငယ်စိတ်တွေပျောက်ရှကုန်တယ်။ ချက်ချင်းပဲ မျက်ရည်တွေကအိကျလာပြီး အော်ငိုလိုက်တဲ့အခါ ရိပေါ်က သူ့အနားကိုဝပ်ချလာပြီး သူ့အတောင်ပံတွေနဲ့ ငုတ်တုပ်လေးထိုင်ကာ ကြောက်ရွံ့တုန်ယင်နေတဲ့ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်လေးကို ပွေ့ပေးလိုက်တော့တယ်။ ရှောင်းကျန့်ဟာ ရိပေါ်ရဲ့ခန္ဓာကိုယ်ကို ဖက်တွယ်ရင်း အားရပါးရငိုမိနေတော့တယ်။
သူ့ရဲ့ဘဝကြီး အဆုံးသတ်ရတော့မယ်လို့တွေးလိုက်အချိန်တို်င်း ရိပေါ်က အမြဲပေါ်လာပြီး ကယ်တင်ပေးခဲ့တယ်။
ဒါတောင် သူက ရိပေါ်ကို မုန်းတယ်လို့ ပြောခဲ့သေးတာ။

"တောင်းပန်ပါတယ် ရိပေါ်ရယ်... တောင်းပန်ပါတယ် အဟင့် ဟင့်"

ရိပေါ်ဟာ တောင်းပန်ငိုယိုနေတဲ့ကိုကို့ကို တောင်ပံနှင့်မကာ သူ့ကျောပေါ်ကိုတင်ပေးလိုက်တယ်။ ထို့နောက် သူတို့နှစ်ယောက်အတူတူနေထိုင်ကြတဲ့ ကျောက်ဂူနေရာလေးကို ပျံသန်းသွားတော့တယ်။
ခန့်ညားထည်ဝါလှတဲ့ နဂါးကြီးရဲ့ကျောပေါ်မှာ ကောင်လေးတစ်ယောက်ဟာတော့ ဝမ်းနည်းပက်လက်နဲ့ငိုနေတာပေါ့။

~~~~~~~~~~~

"ဟင့် မသွားပါနဲ့ ဟင့်"

ပြန်ရောက်ကတည်းက ရှောင်းကျန့်ဟာ ရိပေါ်ရဲ့အနားလေးမှာပဲ ကပ်ထိုင်နေတယ်။ ခုနတည်းက အတော်ကြောက်လန့်သွားတဲ့ ရှောင်းကျန့်က ရိပေါ်ကို သူ့အနားက မခွာသွားစေဘူး။ ရေခပ်ပေးဖို့ထတဲ့ ရိပေါ်မှာ ရှောင်းကျန့်အနားလေးမှာ ပြန်ထိုင်ရတယ်။
ရိပေါ်ရဲ့လက်ကိုလည်း ခုထိမလွှတ်သေးဘူး။ ခုနတည်းကငိုနေတာ ခုထိလည်းမရပ်သေးဘူး။ နှပ်တရှုံ့ရှုံနှင့် ငိုနေတဲ့ရှောင်းကျန့်ရဲ့ ပါးပြင်နုနုလေးကို သူ့လက်ကလေးနှင့်ပွတ်သပ်ပေးလိုက်တော့ ရှောင်းကျန့်က ရိပေါ်ရဲ့ရင်ခွင်ထဲဝင်ပြီး အားကိုးတကြီးဖက်တွယ်လာတယ်။

Real or Fictional { COMPLETED }Where stories live. Discover now