Uni
13
ထန်းလျန်အင်ပါယာ၊ ဟန့်ယန်ရှန်းနန်းတော်ကြီး၏ ညီလာခံအဆောင်မှာ မှူးမတ်၊ အရာထမ်း၊ အမှုထမ်းတွေဟာ ပုလ္လင်ထက်က အရှင်မင်းမြတ်ကို ခစားနေကြသည်။ အရှင်ဟာ ပုလ္လင်ပေါ်မှာထိုင်ကာ ဘာမျှမိန့်တော်မမူသေး၊ တိတ်ဆိတ်ငြိမ်သက်နေသည်။ မှူးမတ်တွေဟာ အရှင့်ရဲ့ဘေးနားက ထိုက်ဟုတ်စံမြန်းနေရာ ပုလ္လင်မှာထိုင်နေတဲ့ ထိုက်ဟုတ်မယ်မယ်ကိုကြည့်လိုက်၊ အရှင့်ကိုကြည့်လိုက်နှင့် ဘာမျှလည်းမလျှောက်တင်ဘဲ ငြိမ်သက်ပေးနေကြသည်။
"အားလုံးလည်းသိတဲ့အတိုင်း အရှင်မင်ကြီးရဲ့ သတို့သားလောင်း၊ တိုင်းပြည်ရဲ့ဟွမ်ဟုတ်အလောင်းအလျာ၊ နန်းရင်းဝန်အမတ်ကြီးရဲ့ သား၊ ရှောင်းကျန့်က မင်္ဂလာပွဲမှာ မတော်တဆ နဂါးတစ်ကောင်ရဲ့တိုက်ခိုက်မှုကို ခံလိုက်ရတယ်။ ခုချိန်ထိ ဟွမ်ဟုတ်က်ု ရှာမတွေ့သေးဘူး။ ရှာဖွေတာလည်း ၄၅ရက်ပြည့်တော့မယ်။
၄၅ရက်ပြည့်လို့မှ ဟွမ်ဟူတ်ကို ရှာမတွေ့ဘူးဆိုရင် ဈာပနာပွဲကျင်းပမယ်"ထိုက်ဟုတ်မယ်မယ်ဟာ ညီလာခံခန်းမတစ်ခုလုံးကြားအောင် မိန့်တော်မူလိုက်တာနှင့် ခန်းမထဲက အမတ်တွေဟာ တီးတိုးစကားတွေဆိုနေကြသည်။ အမတ်တွေထဲက နန်းရင်းဝန်အမတ်ကြီးကတော့ ခေါင်းကိုသာ အသာငုံ့ထားနေတယ်။
အရှင်မင်းကြီးဟာ လက်သီးကိုတင်းတင်းဆုပ်လို့ မယ်တော့်ကို ကြည့်နေတယ်။ ထိုက်ဟုတ်မယ်မယ်က မင်းကြီးကိုကြည့်ပြီး ပြုံးလိုက်တယ်။"သားတော်မသိသေးတာရှိသေးတယ်။ သားတော်က ဟွမ်ဟုတ်အတွက် ပူဆွေးနေလို့ မယ်တော်ကမပြောသေးတာ။ သားတော်မှာ ရင်သွေးလေးရှိလာပြီ။"
အရှင်ဟာ မယ်တော့်ကို နားမလည်စွာနှင့် ငေးမောကြည့်နေတယ်။ မယ်တော်က ထပ်မံပြုံးလိုက်တယ်။ ညီလာခံခန်းမထဲက အမတ်တွေကို ထပ်မံမိန့်ကြားတယ်။
"သတင်းဆိုးပြီးတော့ သတင်းကောင်းမိန့်စရာရှိတယ်။
ဟောက်ဖေးက အခုဆိုရင် အရှင့်ရဲ့တော်ဝင်မျိုးဆက်ကိုလွယ်ထားရပြီ။ ဒါကြောင့် ၄၅ရက်ပြည့်လို့ ဟွမ်ဟုတ်ပြန်မလာခဲ့ရင် ဟောက်ဖေးကို မိဖုရားခေါင်အနေနဲ့ တင်မြောက်မယ်။
အခုတော့ ဟောက်ဖေးကို ကွေ့ဖေး(အဆင့် ၃ - နန်းဆောင်စီမံခွင့်ရ တော်ဝင်မိဖုရား)အဖြစ် တင်မြောက်ရာထူးတိုးစေမယ်"
![](https://img.wattpad.com/cover/272816854-288-k122905.jpg)
YOU ARE READING
Real or Fictional { COMPLETED }
FanfictionYizhan Warning : Historical Drama မႀကိဳက္သူမ်ားမဖတ္ရ။