18( Warning: ၁၈နှစ်အောက်ကလေးငယ်များ ဖတ်ရန်မသင့်ပါ)
ဟါန်ရှမ်းဝမ်ရိပေါ်၊ ဒီလိုဂုဏ်ထူးဘွဲ့ထူးနှင့် ထန်းလျန်အင်ပါယာတစ်ခုလုံးကို အုပ်ချုပ်နေရတဲ့ ဘုရင်တစ်ယောက်။ အင်ပါယာလက်အောက်က ပြည်နယ်တွေ၊ မြို့တွေ၊ ရွာတွေ၊ အရာထမ်းတွေ အမှုထမ်းတွေ၊ တိုင်းသူပြည်သားတွေအားလုံးရဲ့ဘဝဟာ သူ့လက်ထဲမှာ။
သူဘုရင်မဖြစ်ခင် ဖြစ်ချင်ခဲ့တဲ့ ဘဝက တိုင်းပြည်အတွက် စွန့်စားရဲ၊ အသက်ပေးရဲတဲ့ သာမန်စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့တာ။ သူ့အိမ်မက်က ရိုးရိုးရှင်းရှင်းလေး။ ချစ်ရတဲ့ ကျန့်အာကိုလက်ထပ်ပြီး သူက စစ်ပွဲတွေမှာ စစ်တိုက်မယ်။ အားလပ်ရင် ဗျပ်စောင်းတီးမယ်။ ကျန့်အာနဲ့အတူ သားသားမီးမီးလေးတွေ မွေးမယ်။ အနားယူတဲ့အခါ လယ်စိုက်ပြီး ကျန့်အာနှင့် ဘဝကို အသက်ထက်ဆုံးပေါင်းသင်းသွားမယ်။ ဒါဆိုရင် သူ့ဘဝကပြည့်စုံပြီ။ ဘာပကာသနမှ သူမမက်မောခဲ့ဘူး။
ဒါပေမယ့် တစ်ခုသောညနေခင်းမှာ ကျန့်အာဟာ သေလုမြောပါး သတိလစ်တဲ့အထိ သူ့မိထွေး ရှောင်းသခင်မကြီးရဲ့ရိုက်နှက်နှိပ်စက်ခြင်းကို ခံခဲ့ရတယ်။ သူ ကျန့်အာကိုပွေ့ချီပြီး ဆေးပေးခန်းသွားချိန်မှာ နန်းတော်ထဲမှာ ဖခင်ဘုရင်ရဲ့အမုန်းဆုံးသားနှင့် ရှောင်းအိမ်က လူမသိသူမသိမွေးထားတဲ့ တရားမဝင်သားနှစ်ယောက်တို့အတွက် အချိန်ပေးဆေးကုသခြင်းမရှိခဲ့။
နောက်ဆုံး သူ့ရဲ့ စည်းကမ်းကြီးတဲ့ မယ်တော့်ဆီမှာ အကူအညီတောင်းခံမှ ကျန့်အာ အသက်ရှင်ခဲ့ရတယ်။အဲ့ကတည်းက သူနားလည်သွားတယ်။ သူ့မှာ အရာရာကိုထိန်းချုပ်နိုင်တဲ့ အာဏာနှင့် ငွေကြေးချမ်းသာမှုရှိမှရမယ်။ ဒါမှသာ ကျန့်အာဘဝလေး ပျော်ရွှင်နိုင်မှာ။ ကျန့်အာကို ကာကွယ်ပေးနိုင်မှာါဆေိုတဲ့ အတွေးက ငယ်ရွယ်တဲ့ ဝမ်ရိပေါ်လေးဆီမှာ ရောက်လာခဲ့တယ်။
"မယ်တော်ပြောသလို သား ဘုရင်လုပ်ဖို့ ဆန္ဒရှိတယ်"
"ကောင်းလိုက်တဲ့ အတွေး၊ မင်းဖြစ်ချင်ရင် ဒီအမေကရအောင်ဖြည့်ဆည်းပေးဖို့ အသင့်ပဲ။
သားသာ မယ်တော့်စကားကိုနားထောင်ရင် ဘုရင်ဖြစ်အောင်လုပ်ပေးမယ်။ ကတိပေးမှာလား"
YOU ARE READING
Real or Fictional { COMPLETED }
FanfictionYizhan Warning : Historical Drama မကြိုက်သူများမဖတ်ရ။