Zawgyi
25(Final)
သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဝမ်ရိပေါ်ရဲ့ နှလုံးသားဟာ စူးကနဲပဲ။ ဒီဆံပင်ရွှေဝါရောင်ရှိပြီး သူနဲ့ရုပ်ဆင်တဲ့လူကို ပွေ့ဖက်ထားတဲ့ ကျန့်အာကိုမြင်ရတာ သူ့ရင်တွေတအားနာလှတယ်။ ကြိုသိထားနှင့်ပေမယ့်လည်း ကျန့်အာဟာ သူ့တစ်ယောက်တည်းပေါ်မှာပဲ တွယ်တာတယ်လို့ ထင်ခဲ့မိတာ။
"ဝမ်... ဝမ်လေး"
ရှောင်းကျန့်ဟာ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ ဝမ်လေးကို ရိပေါ်အကြောင်း တစ်ခါမှမပြောပြဖူးသလို ရိပေါ်နဲ့ ပုံမှန်ထက်ပိုတဲ့ဆက်ဆံရေးရှိတာကို ဝမ်လေးကို မသိစေချင်ခဲ့ဘူး။ ပိုဆိုးတာက ရိပေါ်ဟာ ဝမ်လေးနဲ့ရုပ်ချင်းဆင်တူနေတာပဲ။
ရှောင်းကျန့်ရဲ့လက်ဖျားတွေက အေးစက်လာပြီး သူ့စိတ်ထဲမှာ ဝေခွဲမရမှုတွေ၊ စိုးထိတ်မှုတွေက ရောထွေးနေတယ်။ ပြီးတော့ သူကြောက်လည်းကြောက်နေတယ်။
ရိပေါ်ကတော့ နည်းနည်းလေးမျှ တုန်လှုပ်ပုံမပေါ်ဘူး။ ဒါ့အပြင် ရှောင်းကျန့်ရဲ့လက်ကိုဆွဲလို့ သူ့အနောက်ကိုပို့လိုက်တယ်။ဝမ်လေးကို လှမ်းကြည့်လိုက်တော့ ဝမ်လေးရဲ့ လည်စိဟာအနည်းငယ်လှုပ်ခတ်သွားတာ မြင်လိုက်ရတယ်။ လက်ကိုတင်းတင်းဆုပ်ထားတဲ့ ဝမ်လေးက ဘာမျှမပြော၊ ရှောင်းကျန့်နဲ့ ရိပေါ်ကိုသာ စိုက်ကြည့်နေတယ်။
သူတို့သုံးယောက်ကြားက လေထုဟာ အေးစက်ပြီး တအားကိုတိတ်ဆိတ်ငြိမ်သက်သွားတယ်။"ကိုကို့ကို ငါနဲ့ထည့်ပေးလိုက်ပါ"
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူက ရိပေါ်။ ရိပေါ်ဟာ ရှောင်းကျန့်ရဲ့လက်ကို တင်းတင်းဆုပ်လို့ ရဲဝံ့စွာပြောတယ်။ ဝမ်လေးရဲ့ မျက်ဆံလေးတွေဟာ လှုပ်ခတ်သွားပြီး မျက်ရည်စတွေ ဝေ့ဝဲလာတာကို တွေ့လိုက်ရတယ်။
ရှောင်းကျန့်ဟာ ရိပေါ်ရဲ့ လက်ကို ရုန်းပြီးဖြုတ်လိုက်တော့ ရိပေါ်ဟာ မလွှတ်ပေး။ ပိုပြီးတော့တောင် မြံမြဲစွာ ဆုပ်ကိုင်လိုက်သေးတယ်။"ရိပေါ်... "
"ကျန့်အာ... သူ့ကို မင်းချစ်သလား"
ဝမ်လေးဟာ သူတို့အနားကို တဖြေးဖြေးချင်း တိုးလာပြီး မေးတယ်။ ဝမ်လေးရဲ့မျက်ဝန်းတွေဟာ သိပ်အားနည်းနေသလို ဝမ်းနည်းနေတာကို သိသာစွာ မြင်နေရတယ်။ သူ့ရင်တွေ နာလာသလိုပဲ။
ဒီမေးခွန်းကို ဘယ်လိုဖြေရမှာလဲ။ သူ ရိပေါ်ကိုချစ်လား ဆိုတော့ ချစ်တယ်။ ဝမ်လေးကိုလည်း ငယ်ကတည်းကနေ အခုထိ ချစ်ခဲ့ရတာပဲလေ။

YOU ARE READING
Real or Fictional { COMPLETED }
FanficYizhan Warning : Historical Drama မကြိုက်သူများမဖတ်ရ။