Zawgyi
6
နဂါးကောင်ဟာ သူကိုယ်တိုင် ခူးလာတဲ့သစ်သီးဝလံတွေကို ရှောင်းကျန့်အရှေ့ကိုတိုးပေးနေတယ်။ မနက်ခင်းတည်းက ဘာမှမစားသေးတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး သူစိတ်ကောင်းပုံမရ။ ရှောင်းကျန့်အနားလေးမှာ မဝံ့မရဲလေးထို်င်ပြီး အသီးအနှံတွေ တစ်မျိုးပြီးတစ်မျိုးခူးကာ ကျွေးနေလေတယ်။
နဂါးကောင်က တကယ်ကို ဝမ်လေးနဲ့ သိပ်တူတယ်။ ခုလို အစာတွေအတင်းကျွေး ဂရုတစိုက်ရှိပုံလေးဟာဆိုရင် ဝမ်လေး သူ့ကိုပုးပန်းတုန်းကပုံလေးတွေနဲ့တောင် တူသေးတယ်။ သူစိမ်းဖြစ်နေပေမယ့် နဂါးကောက်ဟာ ဝမ်လေးနဲ့တူနေတာဟာ သူ့အတွက် စိတ်သက်သာရစေတယ်။ ဘာကြောင့်မှန်းမသိပေမယ့် နဂါးကောင်ဘေးမှာရှိနေရတာ ဝမ်လေးအနားမှာနေရတာနဲ့ တူတူပဲလို့ ခံစားနေရတယ်။
အနားကိုလာဖို့ လက်ယက်ခေါ်လိုက်တော့ အဲ့ဒီကောင်လေးဟာ ပြုံးလိုက်ပြီး သူ့ဆီအမြန်တိုးကာ ထိုင်တယ်။ တကယ့်ကလေးလေးလိုပဲ။ ဝမ်လေးငယ်ငယ်တုန်းကပုံစံနှင့် တစ်ပုံစံပဲ။
ဆံနွယ်ရွှေဝါရောင်တွေကို ကိုင်ကြည့်တော့ သူက အူကြောင်ကြောင်လေး ကြည့်နေတယ်။"နာမည်ရှိလား..."
အူကြောင်ကြောင်လေးဖြစ်နေတဲ့ နဂါးကောင်ကိုကြည့်ပြီး ရှောင်းကျန့် ပြုံးမိပါတယ်။ တောထဲမှာ တစ်ကောင်တည်းကျန်တဲ့ နဂါးများလား။ နာမည်နာမဆိုတာလည်း သိပုံမရပါဘူး။
ရှောင်းကျန့် သူ့ကိုယ်သူပုတ်ပြပြီး နာမည်ပြောပြလိုက်တယ်။"ငါ့နာမည်က ရှောင်းကျန့်"
ထိုကောင်လေးက ရှောင်းကျန့်မျက်နှာကို တငေးတမောကြည့်နေတော့ ရှောင်းကျန့်မှာ ရှက်သလိုလိုတောင် ဖြစ်လာရတယ်။
"ဟေး... မှတ်ထားနော်။ ငါ့နာမည်က ရှောင်းကျန့်"
ထိုကောင်လေးက ပြုံးပြီး ခေါင်းညိတ်ပြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနဂါးကောင်ကပဲ သူ့ကိုအိမ်ပြန်ပို့ပေးနိုင်မှာ။ ဒီနေရာက ဘယ်လောက်တောင်ဝေးမှန်းမသိ။ ဝမ်လေးတို့ သူ့ကိုရှာတွေ့နိုင်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်လိုက်မလဲ။ အခြေအနေနဲ့ အချိန်အခါအရ သူဟာ ထွက်ပြေးချင်သလိုပြေးလို့မရတော့
ဒီနဂါးကောင်ကိုသာ ရအောင်ပေါင်းထားမှဖြစ်မယ်။
YOU ARE READING
Real or Fictional { COMPLETED }
FanfictionYizhan Warning : Historical Drama မကြိုက်သူများမဖတ်ရ။