Zawgyi
9
"ကျန့်ကျန့် ကျန့်ကျန့် ကျန့်ကျန့်"
လုလုရဲ့အသံစူးစူးကြောင့် ရှောင်းကျန့် နားတောင်အူတော့မှာပဲ။ လုလုဆိုတာ ဟိုစကားပြောတက်တဲ့ ငှက်ကို ရှောင်းကျန့်နာမည်ပေးထားတာ။ ဒီအချိန်နှစ်ပတ်အတွင်းမှာ ရှောင်းကျန့်ဟာ နဂါးရိပေါ်ရယ် ငှက်လူုလုရယ်နဲ့ အတော်အသင့်သံယောဇဉ်တော့ရှိနေပြီ။ လုလုက အမြဲတမ်းဒီဘက်ကိုလာလေ့မရှိဘူး။ သူ့မိတ်ဆွေတွေနဲ့ အချိန်ပြည့်ခရီးထွက်နေတဲ့ငှက်မျိုး။
ရိပေါ်လေးရဲ့ ဒဏ်ရာက တော်တော်နဲ့ကိုမပျောက်သေးတာမို့ ရှောင်းကျန့် အတော်တော့စိတ်လေရတယ်။ လူနှင့် တိရစ္ဆာန်က သုံးတဲ့ဆေးမတူလို့လားမသိဘူး။ ရှောင်းကျန့်သိတဲ့ဆေးရွက်တွေနှင့် ရိပေါ်ဒဏ်ရာက်ုကုပေးပေမယ့် တော်တော်နဲ့မပျောက်ကင်းပေ။ နဂါးတွေရဲ့ အနာကျက်ရှိန်ကပဲ နှေးလို့လားတော့မသိ။
ဒီနှစ်ပတ်အတွင်းမှာ ရှောင်းကျန့်ဟာ ဤတောလေးနှင့် အသားကျချင်သလ်ုလိုတောင် ဖြစ်မိတယ်။ လောဘတွေ အတ္တတွေလောင်မြိုက်နေတဲ့ နန်းတော်ကြီးမှာနေတာထက်စာရင် ဒီလိုအေးအေးချမ်းချမ်းနေရျာလးမှာ နေရတာဟာ အတော်ကိုသာယာပါတယ်။
ဝမ်လေးကို နင့်နင့်သီးသီး သတိရတာကလွဲရင်ပေါ့။နံနက်ခင်းမိုးလင်းရင် ရိပေါ်လေးနဲ့အတူ နံနက်စာစားဖို့ သစ်သီးတွေသွားခူးတယ်။ ရိပေါ်လေးဟာ လုံးဝအသားမစား။ သစ်သီးသစ်ဖုပဲ စားတယ့် နဂါးလေး။
ရှောင်းကျန့်လည်း နဂိုထဲက အသားစားနည်းသူမို့ ဒီလိုသစ်သီးလတ်လတ်ဆတ်ဆတ်လေးတွေ ခူးစားရတာကို အတော်ကိုနှစ်ခြိုက်မိတယ်။သူတို့စားပြီသောက်ပြီးပြီဆို လာပါပြီ လုလု၊ အဲ့ငှက်ကလေ တကယ်ကိုအသံကျယ်တာပဲ။ စကားကလည်းများတဲ့အပြင် တစ်ခါတစ်လေမပီတော့ ရယ်နေရပါသေးတယ်။ ဒါပေမယ့် လုလုပြောတာတွေနားထောင်ရတာ တကယ်အပျင်းပြေပါတယ်။ အိမ်ကိုလွမ်းနေတဲ့စိတ်တွေလည်း သက်သာပါရဲ့။
လုလုပြောပြလို့ ရိပေါ်လေးရဲ့ အကြောင်းကို သိလိုက်ရတယ်။ တကယ်စိတ်မကောင်းစရာပဲ။ ရိပေါ် သိတက်စအရွယ်ကတည်းက ဒီဂူထဲမှာ မိသားစုလည်းမရှိတဲ့အပြင် တစ်ယောက်တည်း ရှိနေခဲ့တာ။ ရိပေါ် နောက်ဆုံးမှတ်မိတာက သူ့မိဘတွေက သူ့ကိုဒီဂူထဲမှာ ထားခဲ့တာတော့မှတ်မိတယ်။ ငယ်ဘဝမှတ်ဥာဏ်ထဲမှာ အဲ့ဒီတစ်ခုလေးပဲ သူမှတ်မိနေခဲတာ။
လုလုနှင့် သိကျွမ်းတော့ ရိပေါ်လေးက ဆယ်ကျော်သက်အရွယ်တောင်ရောက်နေပြီတဲ့။
ရိပေါ်လေးက သူ့မိဘတွေကို တစ်လတစ်ခါ အမြဲထွက်ရှာတယ် ပြီးရင် ဒီနေရာလေးကိုပဲ ပြန်လာနေတယ်။ သိပ်ကိုသနားစရာကောင်းတဲ့ ကလေးလေးပဲ။ ရိပေါ်ရဲ့ လည်ပင်းမှာအမြဲဆွဲထားတဲ့ လည်ဆွဲလေးနှင့် နဂါးပုံကျောက်စိမ်းဆွဲသီးလေးဟာ သူ့မိဘတွေချန်ထားခဲ့တဲ့ တစ်ခုတည်းသော အမွေလေးဖြစ်လိမ့်မယ်။
ရှောင်းကျန့်ကတော့ ရိပေါ်ဟာ နဂါးမျိုးနွယ်ထဲမှာ တစ်ကောင်တည်းကျန်တဲ့နဂါးများလားလို့တွေးမိတယ်။
![](https://img.wattpad.com/cover/272816854-288-k122905.jpg)
YOU ARE READING
Real or Fictional { COMPLETED }
FanfictionYizhan Warning : Historical Drama မကြိုက်သူများမဖတ်ရ။